တာချီလိတ်မြို့နယ် ပညာရေးစီမံခန့်ခွဲမှုကော်မတီနှင့် ယူနီဆက်မှ Education Specialist Mr . Christion ဦးဆောင်သော ယူနီဆက်အဖွဲ့တို့သည် စက်တင်ဘာ(၁၈)ရက်နေ့ မွန်းလွဲပိုင်းတွင်
ဝှေလေလန်အခြေခံပညာမူလတန်းကျောင်သို့ သွားရောက်၍ ကျောင်းလုပ်ငန်းများအား
လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရှိရသည်။
မွန်းလွဲ (၁း၀၀)နာရီတွင် တာချီလိတ်မြို့နယ် ပညာရေးစီမံခန့်ခွဲမှုကော်မတီနှင့် ယူနီဆက်မှ Education Specialist Mr . Christion ဦးဆောင်သော ယူနီဆက်အဖွဲ့၊ အမှတ်(၂)အခြေခံပညာဦးစီးဌာနတို့မှ တာဝန်ရှိသူများသည် တာချီလိတ်မြို့နယ် ဝှေလေလန်အခြေခံပညာမူလတန်းကျောင်းသို့
ရောက်ရှိပြီး ကျောင်းလုပ်ငန်းများ ဆောင်ရွက်မှုများကို လေ့လာ–ကြည့်ရှုစစ်ဆေးခြင်း၊ သင်ကြားသင်ယူမှုလုပ်ငန်းများကိုကြည့်ရှုစစ်ဆေးခြင်း ၊ကျောင်းဖွံ့ဖြိုး တိုးတက်မှုများကို ကြည့်ရှုလေ့လာခြင်း၊ မှတ်တမ်းတင်ခြင်းတို့ကို ဆောင်ရွက်ခဲ့ကြကြောင်းနှင့် ထူးခြားတိုးတက်မှုများဖြင့် အောင်မြင်နေသည့် ကျောင်းလုပ်ငန်းများအား ဆက်လက်ဆောင်ရွက်သွားရန်
မိုင်းဖုန်း(ခ)ကျောင်းအုပ်စုမှူး၊ ကျောင်းအုပ်ဆရာကြီးဦးမြင့်ဝင်းလှ နှင့်ဆရာဆရာမများကို အားပေးမှာကြားခဲ့ကြောင်း သိရှိရပါသည်။