စက်တင်ဘာ(၂၁)ရက်နေ့ နံနက် (၁၁း၁၅)နာရီတွင် တာချီလိတ်မြို့နယ် စည်ပင်ရုံး၌ မြို့မဈေးအား ပြန်လည်တည်ဆောက်ခြင်းနှင့်ပတ်သက်ပြီး ဆောက်လုပ်ရေးကုမ္မဏီ (၄)ခုမှ (၁)ခုအား မဲခွဲစနစ်အနေဖြင့် ဆောင်ရွက်ခဲ့ကြပြီး အစည်းအဝေးကို ပြုလုပ်ခဲ့ကြပါတယ်။
အဆိုပါအစည်းအဝေးကို တာချီလိတ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးသောင်းတင်ထွေး၊ မြို့နယ်အုပ်ချုပ်ရေးမှူး(ခေတ္တ) ဦးမျိုးသက်အောင်၊ ကျိုင်းတုံမြို့ စည်ပင်သာယာရေးအဖွဲ့ ပြည်နယ်ရုံးခွဲတာဝန်ခံ ဒုတိယညွှန်ကြားရေးမှူး ဦးလုကာ၊ တာချီလိတ်မြို့နယ် စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဒုတိယညွှန်ကြားရေးမှူး ဦးကိုကို နှင့် စည်ပင်သာယာရေးအဖွဲ့ဝင်များ၊ ဈေးတာဝန်ခံများ၊ တာချီလိတ်မြို့ ရပ်မိရပ်ဖများ
တက်ရောက်ခဲ့တာကိုလည်း တွေ့ရပါတယ်။
အစည်းအဝေးနဲ့ပတ်သက်ပြီး အဓိက အကြောင်းအရာကတော့ တာချီလိတ်မြို့ရှိ မြို့မဈေးကို ပြန်လည်တည်ဆောက်ရန်အတွက် ဆောက်လုပ်ရေးကုမ္မဏီတွေကို တည်ဆောက်ဖို့ အပ်ရာမှာ တင်ပြလာတဲ့ ကုမ္မဏီ(၄)ခု အနက် (၁)ခုကို ရွေးဖို့ဖြစ်ပါတယ်။ တင်ပြလာတဲ့ ကုမ္မဏီ (၄)ခုကတော့...
- ၁) ဟုန်းလိုက် ဆောက်လုပ်ရေးကုမ္မဏီ
- ၂) ငွေလင်းဇင် ဆောက်လုပ်ရေးကုမ္မဏီ
- ၃) မင်းခေတ်သစ် ဆောက်လုပ်ရေးကုမ္မဏီ
- ၄) မာန်အားသစ် ဆောက်လုပ်ရေးကုမ္မဏီ
တို့ဖြစ်ကြပါတယ်။
ဆောက်လုပ်ရေးကုမ္မဏီတွေကို ရွေးချယ်ရာမှာ မျှတမှုရှိစေရန်အတွက် ဈေးဆိုင်ခန်းပိုင်ရှင်(၁၃၆)ခန်းမှ ကြိုက်နှစ်သက်ရာ ဆောက်လုပ်ရေးကုမ္မဏီအမည်ကို ရွေး၍စည်ပင်သာယာရေးအဖွဲ့မှ ပေးထားတဲ့စာရွက်ပေါ်မှာ ဈေးသူ ဈေးသား အခန်းပိုင်ရှင်များအနေဖြင့် ကိုယ်တိုင် ဖြည့်စွက်စေခဲ့တယ်လို့ သိရပါတယ်။
ယခုပြုလုပ်သော အစည်းအဝေး၌ ခရိုင်အုပ်ချုပ်ရေးမှူးနဲ့ သက်ဆိုင်ရာများရှေ့မှာ စာအိတ်ကို ဖောက်ပြီး မဲခွဲစေခဲ့ပါတယ်။ မဲခွဲစနစ်ရဲ့ ရလဒ်မှာတော့ -
- ၁) ဟုန်းလိုက် ဆောက်လုပ်ရေးကုမ္မဏီ ( ၂ ) မဲ
- ၂) ငွေလင်းဇင် ဆောက်လုပ်ရေးကုမ္မဏီ ( ၇ ) မဲ
- ၃) မင်းခေတ်သစ် ဆောက်လုပ်ရေးကုမ္မဏီ ( ၇၀ ) မဲ
- ၄) မာန်အားသစ် ဆောက်လုပ်ရေးကုမ္မဏီ ( ၁ ) မဲ
- ကြားနေမဲ = ( ၅ ) မဲ
- ပယ်မဲ = ( ၂ ) မဲ ဖြစ်ပြီး
ဆိုင်ခန်း(၁၃၆)ခန်းထဲမှ ဆိုင်ခန်း(၈၇)ခန်းကသာ မဲပေးခဲ့ကြပါတယ်။
အများသဘောတူ မဲပေးစနစ်အရ ဆောက်လုပ်ရေးကုမ္မဏီ(၄)ခုထဲမှာမှ မင်းခေတ်သစ် ဆောက်လုပ်ရေးကုမ္မဏီက ဈေးဆောက်လုပ်ခွင့်ရသွားခဲ့ကြောင်း သိရပါတယ်။
မင်းခေတ်သစ် ဆောက်လုပ်ရေးကုမ္မဏီ နဲ့ ဈေးသူ ဈေးသားများအား တွေ့ဆုံ၍ ညှိနှိုင်းမှုများ ပြုလုပ်နိုင်ရန်အတွက် (၂၄.၉.၂၀၁၂)ရက်နေ့ နေ့လည်(၁)နာရီမှာ တာချီလိတ်မြို့ အောင်မြတ်ခန်းမ၌ အစည်းအဝေးပြုလုပ်မယ်လို့ ကြိုတင်သိရှိရပါတယ်။
23.9.2012 Update News: မင်းခေတ်သစ် ဆောက်လုပ်ရေးကုမ္မဏီ နဲ့ ဈေးသူ ဈေးသားများအား တွေ့ဆုံ၍ ညှိနှိုင်းမှုများ အစည်းအဝေးကို (၂၄.၉.၂၀၁၂)ရက်နေ့မှာ ပြုလုပ်မယ်လို့ သတ်မှတ်ခဲ့ပေမဲ့ အကြောင်းကိစ္စ တစ်ခုကြောင့် ရက်ရွေ့ဆိုင်းလိုက်ပါတယ်။
မှတ်တမ်းဓါတ်ပုံများကို ကြည့်ရန်