စာဖတ်ရှိန်မြှင့်တင်ရေး စာဖတ်ပြိုင်ပွဲကို မိုင်းကိုးကျေးရွာအုပ်စု ဆီလီငေါက်ကျေးရွာတွင် ပြုလုပ်

စာဖတ်ရှိန်မြှင့်တင်ရေး စာဖတ်ပြိုင်ပွဲကို မိုင်းကိုးကျေးရွာအုပ်စု ဆီလီငေါက်ကျေးရွာတွင် ပြုလုပ်
စက်တင်ဘာ 26, 2012
By Tachileik News Agency

ကျေးလက်နေပြည်သူများ စာဖတ်လိုစိတ်ရှိပြီး စာဖတ်သည့် အလေ့အထများ ရရှိစေရန်အတွက် တာချီလိတ်ခရိုင်ပြန်ကြားရေး နှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျေးရွားများသို့ ကွင်းဆင်းပြီး စာဖတ်ရှိန်မြှင့်တင်မှု လုပ်ငန်းများ လုပ်ဆောင်နေတယ်လို့ သိရပါတယ်။

စက်တင်ဘာ(၂၆)ရက်နေ့ မွန်းလွဲ(၁)နာရီက မိုင်းကိုးကျေးရွာအုပ်စု ဆီလီငေါက်ကျေးရွာ မှာရှိတဲ့  ပညာရွှေတောင်စာကြည့်တိုက်မှာ စာဖတ်ပြိုင်ပွဲပြုလုပ်ခဲ့ကြပါတယ်။ ကျောင်းနေရွယ် ကလေးသူငယ်များအနေနဲ့ စာဖတ်ဝါသနာပါလာစေရန်အတွက် ဒို့ကျေးရွာဂျာနယ် အတွဲ(၉)၊ အမှတ်(၁၈) ထဲက ဗဟုသုတမေးခွန်းများကို ဖြေဆိုကြတဲ့အခါမှာ အမှတ်အများဆုံးဖြေဆိုနိုင်သူ ကျောင်းသား/သူ (၃)ဦးကို ပထမ၊ ဒုတိယ၊ တတိယဆုအဖြစ်   ဆုအသီးသီးကို ခရိုင်ပြန်/ဆက် ဦးစီးအရာရှိ ဦးမောင်ကြည်၊ ကျေးရွာအုပ်ချုပ်ရေးမှူး ဦးစိုင်းကပ်ခမ်းနဲ့ တာချီလိတ်မြို့သုတဒါနအဖွဲ့မှဦးစစ်ခိုင်ထွန်တို့က ချီးမြှင့်ပေးခဲ့ကြပါတယ်။

ယင်းနောက် စာဖတ်ပြိုင်ပွဲ၌ ပါဝင်ယှဉ်ပြိုင်ကြတဲ့ ကျောင်းသား/သူများကို ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆံရေးဦးစီးဌာနနဲ့ သုတဒါနအဖွဲ့တို့ ပူးပေါင်းပြီး ကျောင်းသုံး ဗလာစာအုပ်များဖြင့် ထောက်ပံ့ပေးအပ်ခဲ့ကြကြောင်း သိရှိရပါတယ်။