အောက်တိုဘာ(၁)ရက်နေ့ နံနက်(၉း၁၀)နာရီမှ နံနက်(၉း၄၅)နာရီထိ အပြည်ပြည်ဆိုင်ရာ သက်ကြီးရွယ်အိုများနေ့ အထိမ်းအမှတ်အခမ်းအနားကို တာချီလိတ်မြို့ မြို့နယ်ဓမ္မာရုံထဲမှာ ပြုလုပ်ကျင်းပခဲ့ကြပါတယ်။
အဆိုပါအခမ်းအနားမှာ တာချီလိတ်စစ်ဗျူဟာအဖွဲ့(အခြေချ)စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး ကျော်အောင်၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးသောင်းတင်ထွေး နှင့် ဌာနဆိုင်ရာအကြီးအကဲများ အပါအ၀င် ရပ်ကွက်အုပ်ချုပ်ရေးမှူးများ အခြားအလှူရှင်များ လာရောက်လှူဒါန်းကြတာကိုတွေ့ရပါတယ်။
ကန်တော့ခံ အဘိုးအဘွားများမှာ အဘိုး(၁၂)ဦး နဲ့ အဘွား(၂၃)ဦး စုစုပေါင်း (၃၅)ဦးရှိပြီး ကန်တော့ခံ အဘိုးအဘွားများရဲ့ အသက်အရွက်မှာ အသက်(၈၀)အထက်ဖြစ်ပြီး (၃၅)ဦးထဲမှ အသက်အကြီးဆုံးမှာ အသက်(၉၈)နှစ်အရွက် အဘိုးတစ်ဦးဖြစ်ကြောင်း သိရပါတယ်။