တာချီလိတ်မြို့နယ် ဓမ္မာရုံမှာ အောက်တိုဘာ(၂၇/၂၈/၂၉) သုံးရက်တိုင်တိုင် ကျင်းပခဲ့တဲ့ ဓမ္မစကြာနှင့် အနတ္တလက္ခဏသုတ် အကောင်းဆုံးရွတ်ဖတ်ပူဇော် ပြိုင်ပွဲရဲ့ ဆုပေးပွဲအခမ်းအနားကို အောက်တိုဘာ(၃၀)ရက် သီတင်းကျွတ်လပြည့်နေ့ ညနေပိုင်းက တာချီလိတ်ရွှေတိဂုံစေတီတော်မှာ ကျင်းပခဲ့ကြပါတယ်။
ပြိုင်ပွဲဝင်(၁၀)သင်းမှာ
- ၁) ထွေ/အုပ် ၀တ်အသင်း
- ၂) ခရိုင်ရဲတပ်ဖွဲ့ ၀တ်အသင်း
- ၃) အဘိဓမ္မာပြန့်ပွားရေး ၀တ်အသင်း
- ၄) ဂေါ်ရခါးမဂ္ဂင်ရိပ်သာ ၀တ်အသင်း
- ၅) ပုန်းထွန်+တာလော့ ၀တ်အသင်း
- ၆) ဆန်ဆိုင်း(က+ခ) ၀တ်အသင်း
- ၇) ၀မ်ကောင်း+မယ်ခေါင် ၀တ်အသင်း
- ၈) အ.ထ.က(တာချီလိတ်) ၀တ်အသင်း
- ၉) အ.ထ.က(ဆန်ဆိုင်း) ၀တ်အသင်း
- ၁၀) အ.ထ.က[ခွဲ] (ဟောင်လိတ်) ၀တ်အသင်း
တို့ဖြစ်ကြပြီး ပထမ၊ ဒုတိယ၊ တတိယဆုများ ရရှိသွားတဲ့ ၀တ်အသင်းများကတော့
ပထမဆုအဖြစ် ခရိုင်/မြို့နယ် ထွေ/အုပ် ၀တ်အသင်းမှ ရရှိသွားပြီး ဒုတိယဆုကိုတော့ ခရိုင်ရဲတပ်ဖွဲ့ ၀တ်အသင်း နဲ့ အ.ထ.က(ဆန်ဆိုင်း) ၀တ်အသင်း တို့ ပူးတွဲရရှိသွားပါတယ်။ တတိယဆုကိုတော့ ပုန်းထွန်+တာလော့ ၀တ်အသင်းက ရရှိသွားပါတယ်။
ပြိုင်ပွဲဝင်(၁၀)သင်းထဲမှ (၃)သင်းကို ပထမ၊ ဒုတိယ၊ တတိယဆုများ သတ်မှတ်ပေးရာမှာ ပြိုင်ပွဲရဲ့ ရမှတ်များကို ဆရာတော်များမှ သတ်မှတ်ပေးတာဖြစ်ကြောင်း သိရပါတယ်။
ပုံများကိုကြည့်ရန်