စိတ်ကြွရူးသွပ်ဆေးပြား (၅၈၄၀၀၀)ပြား နှင့် ရွှေချောင်းများကို တာချီလိတ်မြို့ ဆန်ဆိုင်းရပ်ကွက်တွင် သိမ်းဆည်းရမိ

စိတ်ကြွရူးသွပ်ဆေးပြား (၅၈၄၀၀၀)ပြား နှင့် ရွှေချောင်းများကို တာချီလိတ်မြို့ ဆန်ဆိုင်းရပ်ကွက်တွင် သိမ်းဆည်းရမိ
နိုဝင်ဘာ 7, 2012
By Tachileik News Agency

ပြီးခဲ့တဲ့ နိုဝင်ဘာ(၄)ရက်နေ့က တာချီလိတ်မြို့ ဆန်ဆိုင်းရပ်ကွက်ထဲက နေအိမ်တစ်ခုမှာ တန်ဘိုးငွေကျပ် (၁၆၃၅၂)သိန်း ရှိတဲ့ စိတ်ကြွရူးသွပ်ဆေးပြားများအပြင် ထိုင်းဘတ်ငွေ သိန်း(၆၂၀) နှင့် အခြား မူးယစ်ဆက်စပ်ပစ္စည်းများကိုလည်း ရှာဖွေတွေ့ရှိ သိမ်းဆည်းရမိတယ်လို့ သိရပါတယ်။

သတင်းအတိုကိုတော့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ရဲ့ သတင်းစာမျက်နှာကနေ ကောက်နှုတ်ဖော်ပြလိုက်ပါတယ်။

myanmarpoliceforce.org မှ ကောက်နှုတ်ဖော်ပြသည် ။           ။၂၀၁၂ခုနှစ် နိုဝင်ဘာ(၄)ရက် နေ့လည် (၂း၃၀)နာရီခန့်က  တာချီလိတ်ခရိုင်ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီး အုန်းကျော် ဦးစီး အဖွဲ့၊ ခမရ (၃၅၉)မှ ဗိုလ်မှူး ညီညီနိုင် ဦးစီးအဖွဲ့၊ တာချီလိတ်(မူးယစ်)မှ ရဲအုပ် ဝင်းနိုင် ဦးစီးအဖွဲ့တို့ ပါဝင်သောပူးပေါင်းအဖွဲ့သည် တာချီလိတ်မြို့၊ ဆန်ဆိုင်း(က)ရပ်ကွက်ရှိ နေအိမ်တစ်အိမ်အား ရှာဖွေရာ WY စာတမ်းပါ နီညိုရောင် စိတ်ကြွရူးသွပ်ဆေးပြား (၅၈၄၀၀၀) ပြား ၊ အလေးချိန် (၅၈.၄) ကီလို (တစ်ပြားလျှင် [၂၈၀၀] ကျပ်နှုန်းဖြင့် ၎င်းဒေသတန်ဖိုးငွေကျပ် [၁၆၃၅၂] သိန်း) နှင့် ထိုင်းနိုင်ငံသုံး ဘတ်ငွေ (၆၂၀) သိန်း၊ အမေရိကန်နိုင်ငံသုံး ဒေါ်လာငွေ (၇၇၀၀) ဒေါ်လာ၊  နဂါးတံဆိပ်ပါရွှေချောင်း (၃၇) ချောင်း စုစုပေါင်း အလေးချိန် (၄) ပိဿာ (၁၄) ကျပ်သား နှင့် ရွှေပစ္စည်း(၁၂)မျိုး၊ ကား(၉)စီး နှင့် ဆိုင်ကယ်(၇)စီးအပြင် ဘရာဇီးနိုင်ငံလုပ် မိန်းမကိုင် ပစ္စတို .၂၅ ပစ္စတိုတစ်လက်၊ ၎င်းကျည် ၅၀ တောင့်နှင့်အတူ   စိတ်ကြွရူးသွပ်ဆေးပြားရိုက်စက်နှင့် ဆက်စပ်ပစ္စည်းများ သိမ်းဆည်းရမိခဲ့ကြောင်း သိရှိရပြီး တရားခံဖြစ်သူအား ဥပဒေအရ အရေးယူဆောင်ရွက်လျှက်ရှိကြောင်း သိရှိရပါတယ်။