တာချီလိတ်မြို့နယ်စာရေးဆရာအသင်းလုပ်ငန်းညှိနှိုင်း အစည်းအဝေးကို နိုဝင်ဘာ ၁၀ ရက် နံနက် (၁၀)နာရီမှာ ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးမှာပြုလုပ်ပါတယ်။
အစည်းအဝေးမှာ ဥက္ကဋ္ဌ ဦးထိန်မင်း(မင်းအေးငြိမ်းဈေ)က ရွှေတြိဂံမဂ္ဂဇင်းထုတ်ဝေရေး၊ စာရေးဆရာအသင်း ပြက္ခဒိန် ဖြန့်ချိရေး၊ စာရေးဆရာအသင်းရုံးအဆောက်အဦ အပြီးသတ်နိုင်ရေးတို့ကို ဆွေးနွေးတင်ပြပါတယ်။ ဒါ့အပြင် ပြည်သူတွေ အသိအမြင် ဗဟုသုတတိုးပွားစေရေးအတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက စာပေရေချမ်းစင် ဆောင်ရွက်နေသကဲ့သို့ မိမိတို့စာရေးဆရာအသင်းမှလည်း လူစည်ကားရာဂိတ်တွေမှာ အပတ်စဉ်ထုတ်ဂျာနယ်များထားရှိဆောင်ရွက်လျက်ရှိကြောင်းပြောကြားပါတယ်။
အတွင်းရေးမှူးဦးမောင်ကြည်(မောင်ဆွေငြိမ်း)က ငွေစာရင်းရှင်းတမ်းတင်ပြပြီး ပြည်သူဗဟိုပြုသော ပြည်သူ့ဝန်ဆောင်မှု အသိပညာပေးရေးဆိုင်ရာလုပ်ငန်းများအား ပါဝင်ဆောင်ရွက်ဖို့တင်ပြပါတယ်။ အဖွဲ့ဝင် ဦးမြင့်လွင်(ဇေယျာမင်းကေတု)က စာရေးဆရာအသင်းရုံး အဆောက်အဦဆောက်လုပ်ပြီးစီးမှု အခြေအနေကိုတင်ပြပါတယ်။ အဲဒီနောက်မှာတော့အဖွဲ့ဝင်အားလုံးက ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များကို ဆွေးနွေးကြပါတယ်။ အစည်းအဝေးမှာ အဖွဲ့ဝင်အားလုံး စုံညီစွာတက်ရောက်ကြပြီး စာရေးဆရာအသင်းအနေဖြင့် ပြည်သူ့အကျိုးဆောင်ရွက်ဖို့လုပ် ငန်းစဉ်များချမှတ်ခဲ့တယ်လို့သိရပါတယ်။