နိုဝင်ဘာ(၁၆)ရက်နေ့ နံနက်ပိုင်းက တာချီလိတ်မြို့နယ် ပြည်ခိုင်ဖြိုးပါတီမှ မြို့နယ် စည်းရုံးရေးနယ်မြေတာဝန်ခံအဖွဲ့တို့သည် မိုးပွင့်စီမံချက်(၄)အရ မိုင်းဖုန်း(က)နှင့်(ခ)နေ ရွာသူရွာသားများအနေဖြင့် မှတ်ပုံတင်မပြုလုပ်ရသေးသူစာရင်း ကောက်ခံမှုများပြုလုပ်ကြောင်းနှင့် အဆိုပါနေ့ရဲ့ မွန်းလွဲ(၁)နာရီခန့်က ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်တင်မေထွန်းတို့အဖွဲ့သည် ဓမ္မသစ္စာ ဘုန်းကြီးကျောင်း၌ လှူဒါန်းမှုများ ပြုလုပ်ခဲ့ကြကြောင်း သိရှိရပါတယ်။
နံနက်(၈)နာရီက ပြည်ခိုင်ဖြိုးပါတီမှ မြို့နယ်ကော်မတီဝင် ဦးချမ်းမြ နှင့် မြို့နယ်စည်းရုံးရေးနယ်မြေတာဝန်ခံ(မိုင်းဖုန်း က/ခ အုပ်စု )တို့သည် အီဝန်းထောင်းရွာနှင့် ၀မ်ပုံရွာသို့ သွားရောက်ကွင်းဆင်းခဲ့ပါတယ်။
၎င်းတို့အနေဖြင့် ကွင်းဆင်းရာမှာ မှတ်ပုံတင်မပြုလုပ်ရသေးသော ရွာသူရွာသားများအား ကူညီဆောင်ရွက်ပေးနိုင်အတွက် ဖြစ်တယ်လို့ သိရပါတယ်။
မိုးပွင့်ရစီမံချက်(၄)အရ မှတ်ပုံတင်မပြုလုပ်ရသေးများအတွက် ကြိုတင်ရှေးပြေးစာရင်းကောက်ရာမှာ ဆီဝန်းထာင်းရွာရှိ ဦးအိုက်ကျိုင်း၏ နေအိမ်မှာ မှတ်ပုံတင်မပြုလုပ်သေးသူ ရွာသူရွာသားများကို တွေ့ဆုံရာ မှတ်ပုံတင်မပြုလုပ်ရသေးသူ (၁၀)ဦး နှင့် မှတ်ပုံတင်လဲလှယ်ရန်(၁)ဦးတို့ ပေါ်ထွက်လာခဲ့ရာ ကွင်းဆင်းအဖွဲ့တို့သည် ရှေးပြေးဖောင်တွင် ကိုယ်ရေးအချက်အလက်များကို ဖြည့်၍ မှတ်ပုံတင်ရရှိရေးအတွက် ဆောင်ရွက်ပေးခဲ့ကြောင်း သိရပါတယ်။
တဆက်တည်းမှာပင် ၀မ်ပုံကျေးရွာတွင်လည်း အထက်ပါနည်းတူ တွေ့ဆုံကြရာ မှတ်ပုံတင်မပြုလုပ်ရသေးသူ(၃၀)ဦး နှင့် လဲလှယ်ရန်(၁)ဦး တို့ကို တွေ့ရှိရာ ရှေ့ပြေးလျှောက်လွှာဖောင်တွင် ကိုယ်ရေးအချက်အလက်များကို ဖြည့်ကာ စာရင်းရယူပြီး မှတ်ပုံတင်ပြုလုပ်နိုင်ရေးအတွက် ကူညီဆောင်ရွက်ပေးခဲ့တယ်လို့ သိရပါတယ်။
ပြည်ခိုင်ဖြိုးပါတီမှ မြို့နယ်ကော်မတီဝင်များနှင့် မြို့နယ်စည်းရုံးရေးနယ်မြေတာဝန်ခံ(မိုင်းဖုန်း က/ခ အုပ်စု )အဖွဲ့တို့၏ ကွင်းဆင်းမှုကြောင့် မိုးပွင့်စီမံချက်(၄)အရ မှတ်ပုံတင်ပြုလုပ်ဖို့ရာ ဆီဝန်းထာင်းရွာနှင့် ၀မ်ပုံကျေးရွာ (၂)ရွာတို့မှ မှတ်ပုံတင်မပြုလုပ်ရသေးသူ(၄၀)ဦးနှင့် လဲလှယ်ရန်(၂)ဦးတို့ ပေါ်ထွက်ခဲ့ကြောင်း သိရှိရပါတယ်။
ဆက်လက်ပြီး အဆိုပါနေ့ရဲ့ မွန်းလွဲ(၁)နာရီခန့်က ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်တင်မေထွန်းမှ ဦးဆောင်ပြီး မိုင်းဖြတ်ခရိုင်ကော်မတီဝင် ဦးဘိုစံ၊ ဦးလွန်းသူ နှင့် မြို့နယ်အတွင်းရေးမှူး ဦးစိုင်းရွှေထွန်းအပါအ၀င် မြို့နယ်ကော်မတီဝင်များသည် ၀မ်ကောင်းရပ်ကွက်အတွင်းရှိ ဓမ္မသစ္စာ ဘုန်းကြီးကျောင်းသို့ သွားရောက်၍ ကျောင်းထိုင်ဆရာတော်ထံ ဆန်၊ဆီ၊ဆေး၊ဆား လှူဖွယ်ပစ္စည်းများကို လှူဒါန်းခဲ့ကြပြီး ဘာသာရေးဆောင်ရွက်မှုများ ပြုလုပ်ခဲ့ကြကြောင်း သိရှိရပါတယ်။