မြန်မာနိင်ငံကြက်ခြေနီအသင်းရုံးချုပ်မှ မြို့ပြဘေးအန္တရာယ်လျော့ပါးရေးအစီအစဉ်များကို တာချီလိတ်မြို့နယ် မယ်ခေါင်ရပ်ကွက်မှာ နိုဝင်ဘာ(၂၅)ရက်မှ နိုဝင်ဘာ(၂၆)ရက်ထိ ပြုလုပ်မှာဖြစ်ကြောင်း သိရပါတယ်။
ဆက်လက်၍ မြို့ပြဘေးအန္တရာယ်လျော့ပါးရေး အစီအစဉ်များကို ပြုလုပ်နိုင်ရန်အတွက် မယ်ခေါင်ရပ်ကွက်အတွင်း၌ ရပ်ကွက်ဘေးအန္တရာယ်လျော့ချရေး ကော်မတီတစ်ရပ်ကိုလည်း ဖွဲ့စည်းနိုင်ခဲ့ကြောင်းသိရှိရပါတယ်။
အဆိုပါ ဘေးအန္တရာယ်လျော့ပါးရေး အစီအစဉ်များပြုလုပ်ရာမှာ မြန်မာနိင်ငံကြက်ခြေနီအသင်းရုံးချုပ်မှ ဘေးဒုက္ခစီမံခန့်ခွဲရေးဌာန စီမံကိန်းညှိနှိုင်းရေးမှူး ဒေါ်မိုးသီတာဝင်း ၊ ဦးစီးမှူး(ပြည်နယ်)ကျိုင်းတုံ၊ ဦးစီးမှူး(ဒု)တာချီလိတ်နှင့် တာချီလိတ်ကြက်ခြေနီတပ်ဖွဲ့ဝင်များမှပါဝင်၍ ဘေးအန္တရာယ်လျော့ပါးရေး အစီအစဉ်များကိုပြုလုပ်ခဲ့ကြပြီး မယ်ခေါင်ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးစိုင်းအွတ် နှင့် ရပ်ကွက်အုပ်ချုပ်ရေး အဖွဲ့ဝင်များမှလည်း ၀င်ရောက်ကူညီပေးကြတာကို တွေ့ရှိရပါတယ်။
အထက်ပါအစဉ်အစီအတိုင်း နိုဝင်ဘာ(၂၃/၂၄)ရက်များတွင်လည်း ဆန်ဆိုင်းရပ်ကွက်မှာ ပြုလုပ်ခဲ့ပြီး ဘေးအန္တရာယ်လျော့ပါးရေး အစီအစဉ်များကို တာချီလိတ်မြို့ရှိ ဆန်ဆိုင်းရပ်ကွက် နှင့် မယ်ခေါင်ရပ်ကွက်စသည့် ရပ်ကွက်(၂)ခုတည်းသာ ပြုလုပ်တာဖြစ်ပါတယ်။
သတင်းဓါတ်ပုံများကို ကြည့်ရန်