အ.ထ.က(တာချီလိတ်)ကျောင်းသူ ကျောင်းသား ဟောင်းများမှ စီစဉ်ပြုလုပ်မည့် ဒုတိယအကြိမ်မြောက် မြတ်ဆရာပူဇော်ကန်တော့ပွဲနှင့် ကျောင်းသား ကျောင်းသူဟောင်းများ တွေ့ဆုံပွဲ အခမ်းအနားကို ဒီဇင်ဘာ(၃၀)ရက်နေ့မှာ ပြုလုပ်မှာ ဖြစ်ပါတယ်။
ကျောင်းသား ကျောင်းသူဟောင်းများ အနေဖြင့် အခမ်းအနားအား စီစဉ်ရခြင်း၏ အဓိက ရည်ရွယ်ချက်မှာ အသိပညာများစွာ၊ အတတ် ပညာများစွာ သင်ကြားပြသပို့ချပေးခဲ့သော ဆရာ/ဆရာမများ၏ ဂုဏ်ကျေးဇူးကို အောက်မေ့စေရန် ရည်ရွယ်၍ လည်းကောင်း၊ ငယ်စဉ်စာသင်သားဘ၀က ကျောင်းပညာကို အတူတကွ သင်ကြားခဲ့ကြသော သူငယ်ချင်းများအားလုံး တစ်စုတစ်စည်းထဲ ဆုံဆည်းကြရစေရန် ရည်သန်၍သော်လည်းကောင်း ကျောင်းသား/သူဟောင်းများမှ စုစည်းကာ စီစဉ်ခြင်းဖြစ်ပါတယ်။
အခမ်းအနားကို အ.ထ.က(တာချီလိတ်)အခြေခံပညာ အထက်တန်းကျောင်း မကာဟိုခမ်းရပ်ကွက်တွင် ကျင်းပသွားမှာဖြစ်ပြီး ယခုနှစ်တွင် ကျောင်းသား/သူများ၏ စုပေါင်းအကြံဥာဏ်များကိုရယူကာ ယခင်နှစ်ထက်ပိုမိုကောင်းမွန်အောင် စီစဉ်ထားကြောင်းလည်း သိရှိရပါတယ်။
အစီအစဉ်တွင် ဆရာ/ ဆရာမများအား ပူဇော်ကန်တော့ခြင်းအပြင် လာမည့်နှစ်များတွင်လည်း အခမ်းအနားကျင်းပနိုင်ရန် အတွက် ရံပုံငွေများအဖြစ် အပျော်တမ်းမြှားပစ်ခြင်း၊ ဘောလုံးပစ်ပေါက်ကစားခြင်းနှင့် အခြား ဂိမ်းကစားခြင်းများ၊ အမှတ်တရ အင်္ကျီများ ရောင်းချပေးခြင်းများနှင့် ကံစမ်းမဲ အစီအစဉ်များကို ထည့်သွင်း ကျင်းပသွားမှာဖြစ်ပြီး တေးဂီတဖျော် ဖြေမှုအစီအစဉ်များကိုပါ ထည့်သွင်းကျင်းပသွားမှာ ဖြစ်ကြောင်း အခမ်းအနားဖြစ်မြှောက်ရေးကော်မတီမှ အစီအစဉ်ဆွဲထားကြပါတယ်။
အခမ်းအနားကို ဒီဇင်ဘာ(၃၀)ရက်နေ့ ညနေ(၄)နာရီအချိန်တွင် စတင်ကျင်းပပြီး ဆရာ/ဆရာများအား ညနေ(၆) နာရီတိတိတွင် ပူဇော် ကန်တော့မည်ဖြစ်ပါတယ်။ ၎င်းနောက် ဆရာ/မများနှင့် ကျောင်းသား/သူဟောင်းများအား အကျွေးအမွေးဖြင့် တည်ခင်းဧည့်ခံခြင်းနှင့် ဖျော်ဖြေရေးအစီအစဉ်များ၊ ကံစမ်းမဲဖေါက်ခြင်း အစီအစဉ်များကို တက်ရောက် လာသောဆရာ/မများနှင့် ကျောင်းသား/သူဟောင်း များအားလုံးအတူတကွ ပျော်ရွင်စွာ စည်ကားသိုက်မြိုက်စွာ ပါဝင်ဆင်နွဲ ကျင်းပသွားမည် ဖြစ်ပါတယ်။
သို့ဖြစ်ပါ၍ ကျောင်းသား/သူဟောင်းများအနေဖြင့် အတူတကွ ပါဝင်ဆင်နွှဲလိုလျှင် ဖြစ်စေ၊ ရံပုံငွေများ ထည့်ဝင်လိုလျှင် ဖြစ်စေ အောက်ပါလိပ်စာနှင့် ဖုန်းနံပါတ်များသို့ ဆက်သွယ်မေးမြန်း ထည့်ဝင်နိုင်ပါသည်။
ဆက်သွယ်ရမည့် လိပ်စာများမှာ-
- (၁) ကိုစိုင်းဝန်းရှဲန် (Devil)အကျီတံဆိပ်ရိုက်လုပ်ငန်း၊ မြန်မာ့ဆက်သွယ်ရေးရုံးရှေ့ (၀မ်ကောင်းရပ်ကွက်) ဖုန်း 089-9561217,088-8055771
- (၂) ကိုနေမျိုးထွေး (ပုန်းထွန်ရပ်ကွက်) ဖုန်း၊ 085-0412454
- (၃) ကိုစိုင်းအင်ဖုန်း( ရပ်ကွက်) ဖုန်း၊ 084-6086718
- (၄) ကိုမောင်မောင်ထွန်း(တာလော့ရပ်ကွက်) ဖုန်း၊ 082-8888432
- (၅) ကိုသူရအောင်(၀မ်ကောင်းရပ်ကွက်)၊ဖုန်း 083-7601525
- (၆) ကိုဇော်အောင်(မကာဟိုခမ်းရပ်ကွက်)၊ ဖုန်း 084-5225713
- (၇) မစိုးစိုးအိ(ပုန်းထွန်ရပ်ကွက်)၊ ဖုန်း 087-5790090
- (၈) မအားငယ်(ဆန်ဆိုင်းရပ်ကွက်)၊ ဖုန်း 086-9217967
- (၉) မခင်ဌေးဝင်း(ပုန်းထွန်ရပ်ကွက်)၊ ဖုန်း 089-7003407
တို့ဖြစ်ပါတယ်။
အခမ်းအနားဖြစ်မြောက်ရေးနှင့် ကျောင်းသား/သူဟောင်းများတွေ့ဆုံ၍ တိုင်ပင်မှုများပြုလုပ်ရန်အတွက် တာချီလိတ် အ.ထ.က ကျောင်းသား/သူဟောင်းများ ဆုံဆည်းရာ အမည်ဖြင့် Facebook Group ပြုလုပ်ထားတာလည်း တွေ့ရှိရပါတယ်။ ၀င်ရောက်ဆက်သွယ်လိုပါက Join Group ကို၍ ၀င်ရောက်နိုင်ပါတယ်။
- တာချီလိတ် အ.ထ.က ကျောင်းသား/သူဟောင်းများ ဆုံဆည်းရာ
- https://www.facebook.com/groups/BEHST
မှတ်ချက် ။ ။ ရံပုံငွေများကို ဖြတ်ပိုင်းဖြင့် ကောက်ခံပါမည်။