မြန်မာသက္ကရာဇ် (၁၃၇၄-၇၅)ခုနှစ်ရဲ့ မြန်မာ့ရိုးရာ အတာသင်္ကြန်မှာ ပါဝင်ယှဉ်ပြိုင်သွားကြသော ယိမ်းအကဖွဲ့များအား ဆုချီးမြှင့်ခြင်းနှင့် သင်္ကြန်ပိတ်ပွဲ အခမ်းအနားကို တာချီလိတ်မြို့ ရှမ်းရိုးမကွင်းမှာ ပြုလုပ်ခဲ့ကြကြောင်း သိရသည်။
အခမ်းအနားမှာ ဆုချီးမြှင့်ခြင်းနှင့်ပတ်သက်၍ ဒိုင်ချုပ်မှ ရှင်းလင်းပြောကြားပြီး ဆက်လက်၍ ဆုရရှိသူ ပြိုင်ပွဲဝင်အကအဖွဲ့များ၏ အမည်စာရင်းများကို ကြေညာရာ နှစ်သိမ့်ဆုရရှိသော အဖွဲ့(၁၀)ဖွဲ့ကို ဦးစွာကြေညာပြီး ကျန်(၃)ဖွဲ့ကိုတော့ (၁)ဖွဲ့စီ ကြေညာရာ ပထမဆုကို ပိတောက်ရွှေစင်ယိမ်းအဖွဲ့ (ထွေ/အုပ်)၊ ဒုတိယဆုကို အမှတ်(၃၃၁)ခြေမြန်တပ်ရင်း ယိမ်းအဖွဲ့ နှင့် တတိယဆုကို ပိတောက်သူဇာယိမ်းအဖွဲ့(တာလော့ရပ်ကွက်) စသည့် ယိမ်းအဖွဲ့များမှ ဆုများ အသီးသီးဆွတ်ခူးသွားခဲ့သည်။
ဆုချီးမြှင့်ရာမှာ ပထမဆုကို (၅)သိန်းကျပ်၊ ဒုတိယဆုကို (၃)သိန်းကျပ်၊ တတိယဆုကို (၂)သိန်းကျပ် နှင့် နှစ်သိမ့်ဆု(၁၀)ဆုကို ကျပ်(၁)သိန်းစီ သတ်မှတ်ချီးမြှင့်ခဲ့ကြသည်။ ထပ်မံပြီး ပထမရရှိသော ယိမ်းအဖွဲ့ကို အပိုဆုအဖြစ် မြို့မိ မြို့ဖ တစ်ဦးဖြစ်သူ ဦးကြည်မြင့်မှ ကျပ်(၁)သိန်းချီးမြှင့်သည်။ ဆက်လက်ပြီး ဦအာဇေး(အာခါတိုင်းရင်းသားခေါင်းဆောင်)မှ ယိမ်းအဖွဲ့အားလုံးအတွက် (၅၀၀၀)ဘတ် နှင့် ယိမ်းအဖွဲ့အားလုံးအတွက် (၁)ဖွဲ့လျှင် (၅၀၀)ဘတ်နှုန်းဖြင့် (၆၅၀၀)ဘတ်ကို ဒေါ်နန်းငွေမြ(ကျားဖြူပါတီ)မှ ချီးမြှင့်သွားကြောင်း သိရသည်။
ဆုချီးမြှင့်ခြင်းနှင့် သင်္ကြန်ပိတ်ပွဲ အခမ်းအနားတွင် ဖိတ်ကြားထားသော ဧည့်သည်တော်များ နှင့် ယိမ်းအဖွဲ့များအပြင် မည်သူမဆို လာရောက် သုံးဆောင်နိုင်ရန်အတွက် အာခါတိုင်းရင်းသားနှင့် လားဟူတိုင်းရင်းသားများမှ စုပေါင်းပြီး တရုတ်ဝိုင်းဖြင့် တည်ခင်းဧည့်ခံကြသည်ကိုလည်းတွေ့ရသည်။
ယခုနှစ်အတွက် ပါဝင်ယှဉ်ပြိုင်သွားကြသော ယိမ်းအဖွဲ့များမှာ စာရင်းအရ(၁၄)ဖွဲ့ရှိသော်လည်း (၁)ဖွဲ့မှာ ပါဝင်ကပြ ပြိုင်ပွဲဝင်နိုင်ခြင်းမရှိတာကြောင့် ယိမ်းအဖွဲ့(၁၃)ဖွဲ့သာ ၀င်ရောက်ယှဉ်ပြိုင်ခဲ့ကြကြောင်း သိရသည်။ ပြီးခဲ့သော ၂၀၁၂ခုနှစ်က ယိမ်းအဖွဲ့(၁၄)ဖွဲ့ ယှဉ်ပြိုင်ကြရာ ပထမဆုကိုတော့ ပိတောက်ရွှေရည်ယိမ်းအဖွဲ့(ဟောင်လိတ်)က ဆွတ်ခူးသွားခဲ့ကြောင်းလည်း သိရသည်။
၂၀၁၃ သင်္ကြန်ကာလအတွင်း ဓါတ်ပုံများကို ကြည့်ရန်
- တာချီလိတ်မြို့ရဲ့ အတာသင်္ကြန် ဗဟိုမဏ္ဍပ်ဖွင့်ပွဲ ပုံရိပ်များ70 photos
- သင်္ကြန်ယိမ်းအဖွဲ့(၄)ဖွဲ့၏ အကပြိုင်ပွဲပုံရိပ်တစ်ချို့(သင်္ကြန်အကျနေ့)21 photos
- တာချီလိတ်မြို့ရဲ့ သင်္ကြန်အကျနေ့ မြင်ကွင်း (နေ့လည်ပိုင်း)36 photos
- သင်္ကြန်အကြတ်နေ့ ဒုတိယအုပ်စု သင်္ကြန်ယိမ်းအဖွဲ့များရဲ့ အကပြိုင်ပွဲ34 photos
- (တာချီလိတ်)သင်္ကြန်အကြတ် ညပိုင်း ဗဟိုမဏ္ဍပ်ရှေ့ ပရိတ်သတ်များစည်ကား26 photos
- တာချီလိတ်သင်္ကြန်အတက်နေ့ ပုံရိပ်တစ်ချို့26 photos
- သင်္ကြန်အတက်ည ဗဟိုမဏ္ဍပ်အတွင်းမြင်ကွင်းတစ်ချို့....17 photos
- တာချီလိတ်သင်္ကြန်ပိတ်ပွဲ နှင့် ဆုပေးပွဲအခမ်းအနားကျင်းပပြီးစီ6း4 photos