၁၅၀၀ကျပ်တန် တန်ဖိုးနည်း CDMA-800MHz ဖုန်းကဒ်များကို ဒုတိယအကြိမ်အဖြစ် တာချီလိတ်မြို့၌ မေလ(၂၀)ရက်နေ့တွင် ပထမအကြိမ်နည်းတူ မဲနှိုက်ကာ ရောင်းချပေးနိုင်ရန်အတွက် လျှောက်လွှာများအား မေလ(၁၉)ရက်နေ့အထိ လက်ခံနေပြီဖြစ်ကြောင်း သိရသည်။
ဖုန်းကဒ်များကို ၀ယ်ယူနိုင်ရန်အတွက် လျှောက်လွှာများကို ယနေ့မှစ၍ မေလ(၁၉)ရက်နေ့ထိ လက်ခံနေပြီး မေလ(၂၀)ရက်နေ့မှာတော့ အောင်မြတ်ခန်းမမှာ မဲနှိုက်မှာဖြစ်ရာ မဲနှိုက်ရာမှာလည်း ပထမအကြိမ်နည်းတူ ဖုန်းကဒ်လျှောက်ထားသူများထဲမှပင် ပေါက်မဲများကို နှိုက်ခိုင်းမှာဖြစ်ကြောင်း နှင့် ဖုန်းကဒ်များကို စတင်ရောင်းချမည့်နေ့မှာ မေလ(၂၁)ရက်နေ့မှ မေလ(၃၁)ရက်နေ့ထိ ရောင်းချပေးမှာဖြစ်ကြောင်း သိရသည်။
ဖုန်းကဒ်များကို လျှောက်ထားလိုသူများအနေဖြင့် လျှောက်လွှာ(၂)စောင်နှင့်အတူ အိမ်ထောင်စုစာရင်းမိတ္တူနှင့် မှတ်ပုံတင်မိတ္တူ(၁)စုံ လိုအပ်မှာဖြစ်ပြီး လျှောက်လွှာများကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးအတွင်းမှာ လာရောက်လျှောက်ထားနိုင်မှာဖြစ်ကြောင်း သိရှိရသည်။
ဖုန်းကဒ်မဲပေါက်သူများ၏ အမည် စာရင်းများကို တာချီလိတ်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး နှင့် ဆက်သွယ်ရေးရုံးတို့အပြင် Tachileik Online News ၏ သတင်းစာမျက်နှာ နှင့် Facebook တို့မှာ ကြည့်ရှု့နိုင်ရန်အတွက် ဖော်ပြပေးသွားပါမည်။