တာချီလိတ်မြို့တွင် 800MHz CDMA ဖုန်းကဒ်(၂၇၀၀)ကျော်ကို နောက်ဆုံးအကြိမ် မဲနှိုက်ရောင်းချရာ ယခုအကြိမ်တွင် လာရောက်လျှောက်ထားသူ (၂၄၆၂)ဦးရှိပြီး ယခင်မဲမပေါက်ပဲ ကျန်ရှိနေသည့်(၈၃၆)ဦး၏ လျှောက်လွှာများ အပါအ၀င် စုစုပေါင်း (၃၂၉၈)ဦးရှိပြီး ယခုအကြိမ်သည် 800MHz CDMA များကို မဲနှိုက်ရောင်းချပေးသည်မှာ တာချီလိတ်မြို့နယ်အတွက် နောက်ဆုံးအကြိမ်ဖြစ်ပြီး နောက်လာမည့် လများတွင် WCDMA နှင့် GSM များကိုသာ မဲနှိုက် ရောင်းချပေးသွားမှာဖြစ်ကြောင်း သိရသည်။
ယခုအကြိမ်တွင် ဖုန်းကဒ်များကို မဲနှိုက်ပေးရာမှာ ပထမအကြိမ်နှင့် ဒုတိယအကြိမ်တို့မှ မပေါက်ပဲ ကျန်ရှိနေသည့် လျှောက်လွှာများအပါအ၀င် စုစုပေါင်း လျှောက်လွှာ(၃၂၉၈)စောင်ထဲမှ လျှောက်လွှာ(၂၇၀၀)ကျော်ကို ပေါက်မဲအဖြစ် မဲနှိုက်မည်ဆိုပါက အချိန်ကြန့်ကြာနိုင်မည် ဖြစ်တာကြောင့် ပယ်မဲ(၆၀၀)ကျော်ကို နှိုက်ခဲ့ကြပြီး ကျန်ရှိသည့် မဲများကို ပေါက်မဲများအဖြစ် အများဆန္ဒဖြင့် သဘောတူညီကာ မဲနှိုက်စေခဲ့ကြောင်း သိရသည်။
ပထမအကြိမ်နှင့် ဒုတိယအကြိမ်တုန်းက ဖုန်းလိုင်းဆွဲအား ကောင်းမွန်ခြင်းမရှိ၍ ကျန်လူများမှာ စိတ်ဝင်စားမှုမရှိကြပဲဖြစ်ခဲ့သော်လည်း ပြီးခဲ့သော ရက်များက တာချီလိတ်မြို့ရှိ ရုပ်မြင်သံကြားကုန်းပေါ်မှာ CDMA အတွက် နောက်ထပ် တိုင်တစ်တိုင် စိုက်ထူလိုက်သည့် နောက်ပိုင်း၌ CDMA ဖုန်းကဒ် ရလိုသူများ များပြားလာခဲ့ကြောင်း သိရသည်။
ဖုန်းကဒ်ရရှိသော လျှောက်လွှာရှင်အမည်စာရင်းများကို အောက်ပါ Link အား နိပ်၍ တိုက်ကြည့်နိုင်သည်။
မဲပေါက်သော စာရင်များကြည့်ရန်
ပုံများကိုကြည့်ရန်