တာချီလိတ်မြို့နယ် စစ်မှုထမ်းဟောင်းအဖွဲ့မှ အဖွဲ့ဝင် သား/သမီးများအား ပညာသင် ထောက်ပံ့ငွေများ ပေးအပ်

တာချီလိတ်မြို့နယ် စစ်မှုထမ်းဟောင်းအဖွဲ့မှ အဖွဲ့ဝင် သား/သမီးများအား ပညာသင် ထောက်ပံ့ငွေများ ပေးအပ်
ဇူလိုင် 30, 2013
By Tachileik News Agency

မြန်မာနိုင်ငံ စစ်မှုထမ်းဟောင်းအဖွဲ့၊ တာချီလိတ်မြို့နယ် စစ်မှုထမ်းဟောင်းစည်းရုံးရေးကော်မတီမှ ထောက်ပံ့သည့် စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များ၏ သား/သမီးများအတွက် ၂၀၁၃-၂၀၁၄ ပညာသင်နှစ် အတွက် ထောက်ပံ့ငွေများပေးအပ်ပွဲအခမ်းအနားကို ယနေ့ နံနက် ၉ နာရီက တာချီလိတ်မြို့ အောင်မြတ်ခန်းမ၌ ပြုလုပ်ကျင်းပခဲ့ကြသည်။

အခမ်းအနားတွင် တာချီလိတ်စစ်ဗျူဟာအဖွဲ့(အခြေချ) စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး သောင်းထိုက်ရွှေ နှင့် ခရိုင်အုပ်ချုပ်ရေးမှူး ဦးသောင်းတင်ထွေးတို့က အဖွင့်အမှာစကားပြောကြားပြီး  မြို့နယ်စစ်မှုထမ်းဟောင်းအဖွဲ့ ဥက္ကဌ ဗိုလ်မှူး ကိုကို(ငြိမ်း)မှ ပညာသင်စရိတ်နှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။

ယင်းနောက် မြို့နယ်စစ်မှုထမ်းဟောင်းအဖွဲ့မှ ထောက်ပံ့သည့် ပညာသင် ထောက်ပံ့ငွေများကို တာချီလိတ်စစ်ဗျူဟာအဖွဲ့(အခြေချ) စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး သောင်းထိုက်ရွှေ က တက္ကသိုလ်အဆင့် ကျောင်းသား/သူ ၂၄ ဦးအတွက် ငွေကျပ် ၂၄၀၀၀၀ ကျပ်အား ကိုယ်စားလှယ် ကျောင်းသားတစ်ဦးအား ပေးအပ်ပြီး၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးသောင်းတင်ထွေးက အထက်တန်းအဆင့် ကျောင်းသား/သူ  ၄၄ ဦးအတွက် ပညာသင်ထောက်ပံ့ငွေ ၃၅၂၀၀၀ ကျပ်အား ကျောင်းသူတစ်ဦးအား ပေးအပ်သည်။

{ ဗီဒီယို သတင်း မှတ်တမ်း }

တဆက်တည်းမှာပင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးရဲထူးက မြို့နယ်စစ်မှုထမ်းဟောင်းအဖွဲ့မှ ထောက်ပံ့ပေးသည့် အလယ်တန်းအဆင့် ကျောင်းသား/သူ ၃၅ ဦးအတွက် ငွေ ၃၇၁၀၀၀ ကျပ်အား ပညာသင်ထောက်ပံ့ငွေအဖြစ် ကျောင်းသားတစ်ဦးအား ပေးအပ်ပြီး၊ တာချီလိတ်မြို့နယ် စစ်မှုထမ်းဟောင်းအဖွဲ့ ဥက္ကဌ ဗိုလ်မှူး ကိုကို(ငြိမ်း)မှ  မူလတန်းအဆင့် ကျောင်းသား/သူ ၃၉ ဦးအတွက် ပညာသင်ထောက်ပံ့ငွေ ၂၃၄၀၀၀ ကျပ်အား ကိုယ်စားလှယ် ကျောင်းသားတစ်ဦးအား ပေးအပ်ထောက်ပံ့ခဲ့ကြကြောင်း သိရှိရသည်။

ပုံများကိုကြည့်ရန်
စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များ၏ သား/သမီးများအတွက် ပညာသင်ထောက်ပံ့

16 photos