ရှမ်းပြည်နယ် (အရှေ့ပိုင်း) အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ပြည်နယ် ဒုတိယအုပ်ချုပ်ရေးမှူး ဦးတင်မောင်ဆွေသည် မိုင်းဆတ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးကျော်ကျော်အုန်း နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ
လိုက်ပါလျက် ဩဂုတ်လ ၈ ရက်၊ ညနေ ၄ နာရီက မုံးထမြို့နယ်ခွဲသို့ ရောက်ရှိပြီး ဌာနဆိုင်ရာဝန်ထမ်းများ၊
မြို့နယ်ခွဲဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူပြုကော်မတီဝင်များနှင့် လူမှုရေးအသင်းအဖွဲ့ဝင်များအား တွေ့ဆုံပြီးဒေသဖွံ့ဖြိုးတိုးတက်စေရန်အတွက် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး၊လူဦးရေသန်းခေါင်းစာရင်း ကောက်ယူချိန်တွင် ပူးပေါင်းပါဝင်ဆောင်ရွက်ရေး၊ လမ်းပန်း ဆက်သွယ်ရေးကောင်းမွန်ရေး၊ ရေအားလျှပ်စစ် ထုတ်ယူရရှိရေးနှင့် ပညာေ
ရး၊ ကျန်းမာရေးကဏ္ဍများတွင် လိုအပ်သည်များအား စီစဉ်ဆောင်ရွက်ပေးနိုင်သည်များနှင့်စပ်လျဉ်းပြီး ရှင်းလင်းပြောကြားသည်။
ထို့နောက် ပြည်နယ် ဒုတိယအုပ်ချုပ်ရေးမှူး က ရေအားလျှပ်စစ်ထုတ်လုပ်နိုင်ရေးအတွက် ထောက်ပံ့
ငွေများနှင့် မြို့နယ်ခွဲအတွင်း တာဝန်ထမ်းဆောင်လျက်ရှိသည့် ၀န်ထမ်းများအတွက် စားသောက်ဖွယ်ရာများနှင့် စာအုပ်စာစောင်များကို ထောက်ပံ့ပေးအပ်ခဲ့ရာ မြို့နယ်ခွဲအုပ်ချုပ်ရေးမှူး ဦးသီဟအောင်နှင့် တာဝန်ရှိသူများက လက်ခံယူသည်။
ဆက်လက်ပြီး ပြည်နယ် ဒုတိယအုပ်ချုပ်ရေးမှူး နှင့်အဖွဲ့သည် ဩဂုတ် ၁၀ ရက်၊ နံနက် ၈နာရီတွင်
ပုံပါကျင်မြို့နယ်ခွဲသို့ ရောက်ရှိပြီး ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းဝင်းမြတ်ဦး၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် မြို့နယ်ခွဲဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူပြုကော်မတီဝင်များအား ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက်လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။