ဖြစ်စဉ်မှာ မူးယစ်တပ်ဖွဲ့စု (၂၂)မူဆယ်ပါဝင်သည့် ပူးပေါင်းအဖွဲ့တို့သည် ကောင်းကတ်ကျေးရွာ၌ မူးယစ်ဆေးဝါးများ လက်လီရောင်းချနေကြောင်းကို သတင်းရရှိ၍ ဒေါ်ခမ်းxx နေထိုင်သည့်အိမ်အား နေအိမ်ရှာဖွေခွင့်ဝရမ်းဖြင့် ၀င်ရောက်ရှာဖွေရာ ၎င်းနေအိမ် အိပ်ခန်းအတွင်းကုတင်ပေါ်ရှိ အိပ်ယာခင်းအောက်မှ အပြာရောင် ပလပ်စတစ်ကတ်ခွာအိတ်ဖြင့် ထည့်လျှက် Wy နှင့် 1 စာတန်းတစ်ဖက်စီပါ ပန်းရောင် စိတ်ကြွဆေးပြား ၁၇၀ ပြားအား တွေ့ရှိရ၍ တရားခံနှင့်အတူ ဖမ်းဆီးသိမ်းဆည်းခဲ့ကြောင်း သိရသည်။
ဆက်လက်၍ မူးယစ်ဆေးဝါးများနှင့်အတူ လက်ဝယ်တွေ့ရှိရသူ အသက် ၄၇ နှစ်ရှိ ဒေါ်ခမ်းxxxအား နမ့်ခမ်းမြို့မရဲစခန်းမှ မူးယစ်(ပ)၈၉/၂၀၁၃၊ မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေပုဒ်မ ၁၅/၁၉(က)အရ နိုဝင်ဘာလ ၁၉ရက် မွန်းလွှဲ ၁နာရီ၄၀မိနစ် အချိန်ခန့်က အမှုဖွင့် အရေးယူထားရှိကြောင်း သတင်းရရှိသည်။
ပြီးခဲ့သည့် နိုဝင်ဘာလ ၁၇ရက် နံနက် ၅နာရီအချိန်က အဆိုပါ ပူးပေါင်းအဖွဲ့မှပင် နမ့်ခမ်းမြို့နယ်၊ အမှတ်(၃)ရပ်ကွက်၊ အနော်ရထာလမ်းရှိ နေအိမ်အမှတ် (နခ/၁--) အား နေအိမ်ရှာဖွေခွင့်ဝရမ်း အမှတ် (၆၉/၂၀၁၃)ဖြင့် ၀င်ရောက်ရှာဖွေရာ အသက် ၃၁နှစ်ရှိ အိမ်ရှင်ဖြစ်သူ ကိုကျော်xx နှင့်အတူ စိတ်ကြွဆေးပြား ၁၂ပြားနှင့် ဘိန်းဖြူ ၀.၈ ဂရမ်ခန့်အား ရှာဖွေ့တွေ့ရှိရသည့်အတွက် နမ့်ခမ်းမြို့မရဲစခန်းမှ မူးယစ်(ပ) ၈၇/၂၀၁၃၊ မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေပုဒ်မ ၁၅/၁၆(ဂ)အရ အရေးယူထားရှိကြောင်း သိရသည်။
ထို့အတူပင် နိုဝင်ဘာလ ၁၈ရက် နေ့လည် ၁၀နာရီ ၅၅မိနစ်အချိန်ခန့်က မူးယစ်တပ်ဖွဲ့စု(၂၂)မူဆယ် ပါဝင်သည့် ပူးပေါင်းအဖွဲ့မှပင် နမ့်ခမ်းမြို့နယ် ကုန်းဆာရွာအ၀င် ညောင်ပင်အနီး နမ့်ခမ်း-မူဆယ် သွားသည့် ကားလမ်းမပေါ်တွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးအတွက် စစ်ဆေးမှုများ ပြုလုပ်နေစဉ် မသင်္ကာဖွယ်ရာ လူတစ်ဦးအား ရှာဖွေစစ်ဆေးရာမှ ဘိန်းဖြူ ၀.၂ ဂရမ်ခန့်အား ရှာဖွေတွေ့ရှိရ၍ တရားခံဖြစ်သူ အသက် ၄၅နှစ်အရွယ် ဦးအိုက်xx အား နမ့်ခမ်းမြို့မရဲစခန်းမှ မူးယစ်(ပ) ၈၈/၂၀၁၃၊ မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေပုဒ်မ ၁၅/၁၆(ဂ)အရ အရေးယူထားရှိကြောင်း သိရသည်။