နိုင်ငံတကာသို့ ပင်လယ်စာတင်ပို့ရောင်းချသည့် နိုင်ငံများတွင် တတိယအဆင့်အဖြစ် ထိုင်းနိုင်ငံပါဝင်ရာ ပင်လယ်စာများ တင်ပို့မှုနှင့် ရေလုပ်ငန်းများတွင် များသောအားဖြင့် မြန်မာအလုပ်သမား တော်တော်များများ ပါဝင်ပြီး လူ့အခွင့်အရေးချိုးဖောက်ခြင်းနှင့် အလုပ်သမားများအား ဖိနှိပ်ခြင်းအပြင် ထိုအထဲမှ လူကုန်ကူးခံရမှုများ ရှိနေသည့်အတွက် ထိုင်းအစိုးရက လူအခွင့်အရေးချိုးဖောက်ကာ ဥပဒေအရ တင်းကြပ်မှုမရှိပဲ ပေါ့ဆနေတာကြောင့် ကမ္ဘာလုံးဆိုင်ရာစွမ်းဆောင်ကိန်းညွှန်းအဖွဲ့ (Global Assessment of Functioning)မှလည်း ထိုင်းအစိုးရအနေဖြင့် မဖြေရှင်းနိုင်ပါက စီးပွားရေးပိတ်စို့မှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း ၂၀၁၄ခုနှစ် ယခုလအတွင်းက ပြောဆိုခဲ့သည်။
ယင်းကိစ္စနှင့် ပတ်သက်၍ လူ့အခွင့်အရေးချိုးဖောက်သည့် ကိစ္စကို ၎င်းတို့အနေဖြင့် တင်းကြပ်စွာ ကိုင်တွယ်ဖြေရှင်းသွားမည်ဖြစ်ပြီး ကျူးလွန်သည့် စက်ရုံများကိုလည်း ဥပဒအရေ အရေးယူပေးမည် ဖြစ်ကြောင်း ထိုင်းနိုင်ငံ အလုပ်သမားရေးရာကော်မတီမှ ပြန်လည် ရှင်းလင်းပြောကြားခဲ့သည်။