ထိုင်းနိုင်ငံ (မြောက်ပိုင်း) ချိန်းရိုင်းခရိုင် မယ်ဆိုင်မြို့ ၀ိန်းဖန်းခမ်းရပ်ကွက် လွယ်ပေါင်းတောင်
(ကင်းမြီးကောက်တောင်) ပေါ်တွင် ကိန်းဝပ်စံပယ်တော်မူပြီး မြန်မာတို့မှ အလောင်းမင်းတရားကြီး
ဦးအောင်ဇေယျ၏ ကုသိုလ်တော်အဖြစ် ကြည်ညိုမြတ်နိုးကြကာ ဦးအောင်ဇေယျဆုတောင်းပြည့်ဘုရားဟု ထင်ရှားသည့် လွယ်ပေါင်းစေတီတော်မှာ နှစ်ပရိစ္ဆေဒ ကြာမြင့်ပြီဖြစ်သည့်အတွက် လေဒဏ် မိုးဒဏ်နှင့် ၂၀၁၁ ခုနှစ်က လှုပ်ခတ်ခဲ့သည့် တာလေငလျင်ဒဏ်ကြောင့် ထီးတော်အနည်းငယ် ပျက်စီးခဲ့ကာ ရွှေသင်္ကန်းတော်များ မှေးမှိန်လျှက်ရှိပါသည်။
ထို့အတွက်ကြောင့် နိုင်ငံတော်သြ၀ါဒါစရိယ တာချီလိတ်မြို့ နဂါးနှစ်ကောင်ကျောင်းတိုက် ဆရာတော်ကြီး အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တ ဓမ္မသီရိ၏ သြ၀ါဒအား ခံယူလျှက် ပဲခူးမြို့ ပတ္တမြားဆရာတော် ဘဒ္ဒန္တသုန္ဒရ နှင့် တပည့်ဒါယကာများမှ ငွေကျပ်သိန်း ၇၀၀ ကျော် ကျခံကာ လုံးတော်ပြည့် ရွှေသင်္ကန်းကပ်လှူခြင်း၊ ထီးတော်ပြုပြင်ခြင်းနှင့် စိန်ဖူးတော် တင်လှူခြင်းများအား ကုသိုလ်ပြု ဆောင်ရွက်သွားမည်ဖြစ်ပြီး ပြုပြင်မွမ်းမံမှုလုပ်ငန်းများအား ယနေ့ မတ်လ (၂၄)ရက်နေ့တွင် စတင်ဆောင်ရွက်နေပြီဖြစ်သည်။
အဆိုပါ ဦးအောင်ဇေယျစေတီတော် လုံးတော်ပြည့်ရွှေသင်္ကန်းကပ်လှူပွဲတွင် သီးခြားအလှူခံ
ခြင်းပြုမည် မဟုတ်သော်လည်း ပါဝင်ကုသိုလ်ပြု လှူဒါန်းလိုသူများ အနေဖြင့် သဒ္ဒါတတ်အား
နည်းများမဆို ပါဝင်လှူဒါန်းကုသိုလ်ပြုနိုင်ကြောင်း သတင်းရရှိပါသည်။
ပါဝင်လှူဒါန်းလိုပါက အောက်ပါ လိပ်စာမှတဆင့် ဆက်သွယ်လှူဒါန်းနိုင်ပါသည်။
ဦးခင်မောင်ကျော် ဒေါ်စုစုမင်း
အမှတ်(၁၆) ဗိုလ်ချုပ်လမ်း
ပါလျံ(၃)ဟောင်လိတ်အုပ်စု
တာချီလိတ်မြို့
၀၉၅၀၁၅၄၅၈
၀၉၂၅၆၀၅၀၇၇၀
ထိုင်းဖုန်း ၀၈၂၃၈၇၁၅၁၈