တာချီလိတ်-မယ်ဆိုင် နယ်စပ်ဂိတ်တံခါး ဖွင့်ထားသော်လည်း မြ၀တီ - မဲဆောက် နယ်စပ်ဂိတ်တံခါး မဖွင့်သေး

တာချီလိတ်-မယ်ဆိုင် နယ်စပ်ဂိတ်တံခါး ဖွင့်ထားသော်လည်း မြ၀တီ - မဲဆောက် နယ်စပ်ဂိတ်တံခါး မဖွင့်သေး
မေ 23, 2014
By Tachileik News Agency

မေလ(၂၂)ရက် ညပိုင်းက ထိုင်းနိုင်ငံမှ နိုင်ငံရေးအခြေအနေအရ နယ်စပ်ဂိတ်ပေါက်များအားလုံးကို မေလ(၂၃)မှ စ၍ ရက်အကန့်အသတ်မရှိ ပိတ်မည်ဖြစ်ကြောင်း ကြေညာထားပြီးနောက် ယနေ့ မေလ(၂၃)ရက်တွင် တာချီလိတ် - မယ်ဆိုင် ချစ်ကြည်ရေးတံတားကို ဖွင့်ထားသော်လည်း မြ၀တီ - မဲဆောက်ရှိ နယ်စပ်ဂိတ်ပေါက်ကိုတော့ မြန်မာဘက်က ဖွင့်ထားပေမဲ့ ထိုင်းဘက်က ဖွင့်လှစ်ပေးထားခြင်း မရှိသေးကြောင်း သိရသည်။

(  23/5/2014 နံနက်ပိုင်း မြ၀တီဂိတ်ပေါက်မြင်ကွင်း )

"သူတို့ ထိုင်းကားတွေတောင် တံတားပေါ်မှာ ရပ်ထားရတယ်၊ ထိုင်းဘက်ကို ပေးမလာဘူး၊ မြန်မာဘက်တော့ ဖွင့်ထားတယ်၊ ထိုင်းဘက်က ပိတ်ထားတယ်"ဟု မြ၀တီမြို့ခံလူတစ်ဦးမှ တာချီလိတ်အွန်လိုင်းသို့ ပြောပြသည်။


( 23/5/2014 နံနက်ပိုင်း မြ၀တီဂိတ်ပေါက်မြင်ကွင်း )

ထိုင်းနိုင်ငံ၏ နိုင်ငံရေးအခြေအနေအရ နယ်စပ်ဂိတ်ပေါက်များကို ပိတ်မည်ဖြစ်ကြောင်း မေလ(၂၂)ရက် ညပိုင်းက ကြေညာထားမှုများကြောင့် တာချီလိတ်မြို့ရှိ ပြည်သူများမှာ ကုန်ဈေးနှုန်း နှင့် စက်သုံးဆီဈေး တက်မည်ကို စိုးရိမ်မှုများ ဖြစ်ပေါ်ခဲ့ပြီး တာချီလိတ်မြို့မှ မယ်ဆိုင်မြို့သို့ ကျောင်းတက်နေသော ကျောင်းသား၊ ကျောင်းသူများကိစ္စကိုလည်း ကျောင်းသားမိဘများက ပူပန်နေခဲ့ကြကြောင်း သိရသည်။

ယနေ့ မေလ(၂၃)ရက် နံနက်ပိုင်းတွင် ထိုင်း-မြန်မာနယ်စပ်ပေါက်ဖြစ်သည့် တာချီလိတ် - မယ်ဆိုင် ဂိတ်ပေါက်မှာ ဖွင့်လှစ်ထားသော်လည်း မြ၀တီ - မဲဆောက် ဂိတ်ပေါက်မှာ  ထိုင်းဘက်က ပိတ်ထားလျှက်ရှိကြောင်း သိရှိရသည်။

Update News: 23/5/2014 10:00 AM
မြ၀တီ - မဲဆောက် နယ်စပ် ဂိတ်ပေါက်ကို ယနေ့ ၂၀၁၄ခုနှစ် မေလ(၂၃)ရက် နံနက်(၉)နာရီအချိန်ခန့်က ပြန်လည်ဖွင့်လှစ်ပေးလိုက်ပြီး မော်တော်ယာဉ်များ ပုံမှန်အတိုင်း သွားလာနေပြီ ဖြစ်ကြောင်း မြ၀တီမြို့ခံလူတစ်ဦးထံမှ ကြားသိရသည်။

သတင်း။ ။ ကိုဇောင်း
ဓါတ်ပုံ။  ။ Facebook
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~