တာချီလိတ်တပ်နယ် နှင့် အဖွဲ့မှ မိုင်းဖုန်း(ခ)အတွင်း အခမဲ့ ဆေးဝါးကုသပေးရင်း မှတ်ပုံမတင် မရှိသေးသူများအား ဆောင်ရွက်ပေး

တာချီလိတ်တပ်နယ် နှင့် အဖွဲ့မှ မိုင်းဖုန်း(ခ)အတွင်း အခမဲ့ ဆေးဝါးကုသပေးရင်း မှတ်ပုံမတင် မရှိသေးသူများအား ဆောင်ရွက်ပေး
ဒီဇင်ဘာ 16, 2014
By Tachileik News Agency

တာချီလိတ်မြို့နယ်၊ မိုင်းဖုန်း(က) ကျေးရွာအုပ်စု၊ ပါဆာ/စံဖူးကျေးရွာရှိ ဒေသခံပြည်သူအား ကျန်းမာရေး၊ ပညာရေး၊ လူမှုရေး၊ စိုက်ပျိုး/မွေးမြူရေး အိမ်ထောင်စုစာရင်းနှင့် မှတ်ပုံတင် မရှိသေးသူများအား ဆောင်ရွက်ပေးရေး စသည့် ကိစ္စရပ်များ အတွက် တာချီလိတ် တပ်နယ်မှ ဗိုလ်မှူးကြီး ဇော်နိုင်ဦး၊ တာချီလိတ်ခရိုင်လ၀ကမှူး ဦးကျော်စွာလွင် နှင့် ပြည်ခိုင်ဖြိုးပါတီမှ အတွင်းရေးမှူးဦးစိုင်းရွှေထွန်း တို့ ဦးဆောင်သော ခရိုင်/မြို့နယ်အဆင့် တာဝန်ရှိသူများ ပါဝင်သည့် အင်အား(၂၀)ဦးဖြင့် ဒီဇင်ဘာလ (၁၄)ရက်နေ့က စစ်ကြောင်းကြီး (၅)ကြောင်းအသွင်ဖြင့် ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ကျန်းမာရေးနှင့် ပတ်သက်၍ စစ်ဗျူဟာအဖွဲ့ အခြေချ(တာချီလိတ်)မှ နယ်လှည့်ဆေးကုသရေးအဖွဲ့ဖြင့် အဆိုပါကျေးရွာမှာ ကျား(၁၀၀)ဦး နှင့် မ(၅၀)ဦး အပါအ၀င် ကလေးသူငယ်(၂၀)ဦးတို့ကို ဆေးဝါးကုသပေးခြင်း၊ ဆေးဝါးထောက်ပံ့ပေးခြင်းများဖြင့် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

တဆက်တည်းမှာပင် ခရိုင်လ၀ကမှူး ဦးစီးသည့် အင်အား(၁၄)ဦးမှ မိုးပွင့်အဆင့် (၇)စီမံချက်ဖြင့် မှတ်ပုံတင် မရှိသူများအား မှတ်ပုံတင်ပြုလုပ်ပေးခြင်း၊ အိမ်ထောင်စု ဇယားများပြုလုပ်ပေးခြင်းများကို ဆောင်ရွက်ပေးပြီး အဖွဲ့ဝင်အဖြစ်လိုက်ပါလာသည့် ဌာနဆိုင်ရာ အသီးသီးမှ ဒေသဆိုင်ရာ လုပ်ငန်းများ အထောက်အကူပြု စေရန် ကြိုတင်ဆောင်ရွက်ပေးနိုင်မည့် လိုအပ်ချက်များ ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြသည်။

ယခုလို တပ်မတော်နှင့် ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ  ပူးပေါင်းပါဝင် ဆောင်ရွက်မှုသည် ထိရောက်သော လုပ်ဆောင်ချက်ဖြစ်သဖြင့် ကျေးလက်ဒေသ ဖွံဖြိုးရေးလုပ်ငန်းများတွင် များစွာ အထောက်အကူ ဖြစ်ပေါ်စေကြောင်း သိရှိရသည်။

 Tachileik Online News ( www.tachileik.net  ) 

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~