ထိုင်းနိုင်ငံမြောက်ပိုင်း၊ ချင်းရိုင်းခရိုင်၊ ချင်းခေါင်မြို့သည် တရုတ်ပြည်သူ့ သမ္မတနိုင်ငံနှင့် လာအိုနိုင်ငံတို့မှ ရှည်လျားသော မဲခေါင်မြစ်ကြောင်း တစ်လျှောက် ဟင်းသီးဟင်းရွက်၊ အသီးအနှံများနှင့် ပန်း၊ စက်ပစ္စည်းများအား သင်္ဘောကြီးများဖြင့် သယ်ဆောင်ကာ ထိုင်းနိုင်ငံတွင်းသို့ တင်သွင်းခြင်းနှင့် ထိုင်း-လာအို ချစ်ကြည်ရေးတံတား ချင်းခေါင်မြို့နယ်တွင် တည်ဆောက်ခြင်းကြောင့် ခရီးသွားလုပ်ငန်းနှင့် နိုင်ငံခြားသားများ အ၀င်အထွက်များပြား လာလျက်ရှိသည်။
"ချစ်ကြည်ရေးတံတား ပြီးသွားကတည်းက တစ်လကို လူ(၂၀၀၀၀)လောက် ဖြတ်သန်းသွားလာပါတယ်၊ တရုတ်ပြည်သူ့ သမ္မတနိုင်ငံနဲ့ ထိုင်းနိုင်ငံသား အများစုပါ အာဆီယံ အနောက်ပိုင်းဒေသ ခရီးသွားတွေ အများဆုံးပေါ့..."ဟု လာအိုနိုင်ငံ မဲခေါင်ချစ်ကြည်ရေးတံတား၏ ညွှန်ကြားရေးမှူးချုပ် Sibounheuang Phanthalak မှ ပြောသည်။
နယ်စပ်ဖြတ်သန်းမှု လွယ်ကူလာခြင်းကြောင့် တရုတ်နိုင်ငံသားများ အုပ်စုလိုက် ခရီးသွားလာမှု များပြားလာပြီး ဘတ်(စ်)ကားဖြင့် ချင်းရိုင်းမြို့သို့ လျှင်မြန်စွာ ဈေးဝယ်ရန်နှင့် ရှုခင်းများကြည့်ရှုရန် လာအိုနိုင်ငံ တောင်ပိုင်းမှတဆင့် ထိုင်းနိုင်ငံသို့ လာရောက်ခြင်းဖြစ်ကြောင်း သိရသည်။
လမ်းစတင် ဖွင့်လှစ်ကတည်းက လာအိုနိုင်ငံတောင်ပိုင်းသို့ ထိုင်းနိုင်ငံသား ခရီးသွားလာမှု (၃၀၀%)တိုးမြှင့်လာကြောင်းသိရသည်။
"၂၀၀၈ ခုနှစ်ကနေ ၂၀၀၁၂ခုနှစ်ကြား လာအိုနိုင်ငံကို ကုန်ပစ္စည်းတင်ပို့မှုနှင့် ကုန်သွယ်ရင်းနှီးမြုပ်နှံမှုပဏာမ သိသိသာသာတိုးတိုလာပြီး ထိုင်းနိုင်ငံမြောက်ပိုင်း နယ်စပ်ဖြတ်ကျော်မှုတွေ(၃)ဆထိတိုးလာသည်”ဟု Boten Dankham အထူးစီးပွားရေးဇုန်(SEZ)ကြီးကြပ်ရေးမှူး Vixay Homsombat ကပြောသည်။
မဟာမဲခေါင်လမ်းကြောင်းသစ်ဖေါက်လုပ်ခြင်းကြောင့် Greater Mekong Subregion's(GMS)လာအိုနိုင်ငံတောင်ပိုင်းနဲ့ ထိုင်းနိုင်ငံမြောက်ပိုင်းစီးပွားရေးသိသိသာသာတိုးတက်လာပြီး တရုတ်နိုင်ငံ ကူမင်မှ ထိုင်းနိုင်ငံ ဘန်ကောက်အထိ စီးပွားရေးစင်္ကြန်ဖြစ်လာခဲ့သည်။
လမ်းရဲ့ဗဟို(၇၄)ကီလိုမီတာကို ပြန်လည်တည်ဆောက်လိုက်ခြင်းအပြင် တံတားတွေတည်ဆောက်လိုက်ခြင်းကြောင့် ယခင်ဆယ်စုနှစ်တစ်ခုခန့်က (၂၂၈)ကီလိုမီတာကို (၉)နာရီလောက်သွားနေရတာကနေ အခု(၃)နာရီခွဲခန့်သာအချိန်ကုန်သက်သွားကြောင်း၊ အခြေခံအဆောက်အဦနဲ့ နည်းပညာထောက်ပံ့မှုကြောင့် အသေးစားစီးပွားရေးလုပ်ငန်းရှင်းများနဲ့ ညီမျှတဲ့ စီးပွားတိုးတက်မှုတွေဖြစ်လာပါတယ်”ဟု ထိုင်းနိုင်ငံမြောက်ပိုင်းရဲ့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ကုန်သည်ကြီးများအသင်း ဥက္က Sittisombat မှပြောသည်။
ကုန်စည်စီးဆင်းမှုပိုပြီးလွယ်ကူလာတာနဲ့အညီ လူတွေလဲ ပိုပြီး လွတ်လွတ်လပ်လပ်သွားလာနိုင်တဲ့အတွက် တော်တော်များများ စီးပွာရေးလုပ်ငန်းသစ်တွေတိုးလာတာဟာ ကောင်းမွန်တဲ့ ရလာဒ်ဖြစ်တယ်လို့ ၎င်းမှထပ်မံပြောသည်။
စီးပွားရေးကောင်မွန်လာတာနဲ့အမျှ လူမှုအသိုင်းအ၀ိုင်းလဲ အကျိုးအမြတ်ဖြစ်ထွန်တဲ့ အရှေ့တောင်အာရှရဲ့ တောင်နဲ့မြောက် စီးပွားရေးစင်္ကြန်လမ်းဖြစ်ကြောင်းသိရသည်။
“အရင်တုန်းက ချင်းခေါင်ဒေသဟာ အသေးစားကုန်သွယ်မှုလုပ်ငန်းများနဲ့ မဲခေါင်မြစ်ကြောင်းသယ်ယူပို့ဆောင်ရေးလောက်ပဲ အလုပ်ဖြစ်ခဲ့တာပါ၊ အခုလမ်းသစ်ဖေါက်ပြီး ထိုင်း-လာအိုတံတားသစ်ဆောက်လိုက်တဲ့အတွက် ဒီဒေသအတွက်ပိုမိုကောင်းမွန်လာတယ်လို့” ချင်းရိုင်းမြို့ ကုန်သည်ကြီးများအသင်း ဒုတိယဥက္ကဌ Sanguan Sonklinsakul မှပြောသည်။
မဟာမဲခေါင်လမ်းကြောင်းကြီးထွားလာမှုနှင့်အမျှ ချင်းရိုင်းခရိုင်အတွင်း နယ်စပ်ဖြတ်ကျော်ကုန်သွယ်မှုကို အခွင့်အကောင်းယူ၍ အထူးစီးပွားရေးဇုန်များထူထောင်လာရန် အလားအလာရှိကြောင်းသိရသည်။
“ကျွန်တော်တို့မဟာမဲခေါင်ဒေ ခရီးလမ်းကြောင်းကို အခွင့်အကောင်းယူပြီး ရင်းနှီးမြှပ်နှံမှုတွေလုပ်ကာ အာဆီယံဒေသအတွင်း အချက်အခြာကျတဲ့ စီးပွားရေးကုန်သွယ်မှု နေရရဖို့ အခြေခံအဆောက်အဦနဲ့ သယ်ယူပို့ဆောင်ရေးစနစ်တွေလဲ ကျွန်တော်တို့မှာ ပြည့်စုံနေပါတယ်လို့” ချင်းရိုင်းခရိုင် အာဏာပိုင် မစ္စတာ Parcho Pratsakul မှပြောသည်။
အစိုးရတွေရဲ့ ကြိုးနီဗျူရိုကရေစီစနစ် နယ်စပ်ဖြတ်ကျော်ကုန်သွယ်မှုစနစ်ဟောင်းတွေကို သမိုင်းပြောင်းပြန်လှန်ဖို့ အကောင်းဆုံး အခွင့်အရေးပေးတဲ့ အချိန်ရောက်ပြီလို့လဲသိရပါသည်။
ကျွန်တော်တို့ နယ်စပ်ဖြတ်ကျော် သယ်ယူပို့ဆောင်ရေးပိုမိုကောင်းမွန်လာအောင် အပြန်အလှန်သဘောတူညီမှုတွေရရှိအောင် လုပ်ဆောင်သွားမှာပါ”ဟု ချင်းခေါင် အကောက်ခွန်မှ Silarug ပြောသည်။
စိန်ခေါ်မှုတွေအများကြီးနဲ့ မဟာမဲခေါင် စီးပွားရေးစင်္ကြန်လမ်းရဲ့ ပြန်လည်ဆန်းသစ်တဲ့ ကုန်သွယ်ရေးလမ်းကြောင်းတစ်လျှောက်ရှိဒေသတွေဟာလဲ ပိုမိကြွယ်ဝချမ်းသာနိုင်သည်၎င်းမှ ဆက်လက်ပြောကြားခဲ့ပါသည်။