သွေးကင်ဆာ ရောဂါသည် ဖခင်အတွက် ငွေရှာပေးနေတဲ့ (၁၀)နှစ်အရွယ် ကောင်လေး

သွေးကင်ဆာ ရောဂါသည် ဖခင်အတွက် ငွေရှာပေးနေတဲ့ (၁၀)နှစ်အရွယ် ကောင်လေး
ဇန်နဝါရီ 11, 2015
By Tachileik News Agency

တရုတ်နိုင်ငံ အရှေ့ပိုင်းဖြစ်တဲ့ Jiangxi ဒေသမှာ (၁၀)နှစ် အရွယ်သာရှိသေးတဲ့ ကောင်လေး တစ်ယောက်က အခြား ကလေးတွေလို ဆော့ကစားခြင်း မရှိဘဲ လမ်းပေါ်က စွန့်ပစ် ပစ္စည်းတွေကို ကောက်ယူရောင်းချပြီး ကျန်းမာရေး မကောင်းတဲ့ ဖခင်ကို ပြုစုစောင့်ရှောက်နေတာ ဖြစ်တယ်လို့ သိရပါတယ်။

ဖခင်ဖြစ်သူဟာ လူကီးမီးယား သွေးကင်ဆာ ခံစားနေရပြီး ကျန်းမာရေး ကုသစရိတ် ယန်(၆)သိန်းရှိတဲ့ ဒေါ်လာ (၉၆,၆၆၉)ခန့် ကုန်ကျမှာဖြစ်တဲ့ အတွက် ဆင်းရဲသား လူတန်းစားတွေ အတွက် အလှမ်းဝေးတဲ့ ကုသမှုစရိတ်ဖြစ်ပါတယ်။

(၁၀)နှစ်သားလေး Mo Shuangyi ဟာ လမ်းပေါ်နဲ့ အမှိုက်ပုံးထဲက ရေသန့်ဗူးခွံ၊ ကတ်ထူစက္ကူ စသည်ဖြင့် ပြန်လည် အသုံးပြုလို့ရတဲ့ ပစ္စည်းတွေကို လိုက်လံကောက်ယူပြီး ရောင်းချကာ ဖခင်ကို ပြုစု စောင့်ရှောက်နေတာ ဖြစ်ပါတယ်။

ကောင်လေး Mo ရဲ့ဖခင် Mo Wenfeng ဟာ ပြီးခဲ့တဲ့ ၂၀၁၄ နိုဝင်ဘာလက ဘေဂျင်းဆေးရုံမှာ ကျန်းမာရေး စစ်ဆေးချက်ကနေ သွေးကင်ဆာရောဂါလို့ သိရှိခဲ့တာဖြစ်ပြီး ကောင်လေး Mo မှာ (၃)နှစ်သားအရွယ် ညီငယ်တစ်ယောက်လည်း ရှိတယ်လို့ သိရပါတယ်။

ကောင်လေးရဲ့ ၀င်ငွေဟာ တစ်ရက်(၃၆.၆)ယန်ရှိတဲ့ (၅.၉)ဒေါ်လာခန့်သာ ရပေမဲ့လည်း အလွန်များပြားတဲ့ ဆေးကုသစရိတ်ကို သူ မတတ်နိုင်ပေမယ့် ဖခင်ကို မဆုံးရှုံးချင်တာကြောင့် အရှုံးမပေးဘဲ ကြိုးစားနေပါတယ်လို့ Mo ကပြောပါတယ်။

ဒီအကြောင်းတွေကို သတင်းသမားတွေက ရေးသားကြရာက အခုဆို သူ့ကို ကူညီကြတဲ့သူတွေ အများကြီးရှိလာပြီး CCTV မှာ သူ့အကြောင်းရေးတဲ့ သတင်းနဲ့ တရုတ်နိုင်ငံ လူမှုကွန်ယက်ဖြစ်တဲ့ Sina Weibo တို့မှာ သူ့အကြောင်းပြောဆိုနေသူတွေ များပြားလာပြီး ကူညီတဲ့သူတွေ ထောင်ကျော်လာပြီလို့လဲ သိရပါတယ်။

ဘာသာပြန် ။  ။ ဇက်
Ref; CCTVNEws
Photo: cctvnews

 Tachileik Online News ( www.tachileik.net  ) 

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~