တရုတ်နိုင်ငံ ရှဲန်ဟိုင်းရဲတပ်ဖွဲ့မှ အလုပ်ရုံတစ်ခုတွင် ထုတ်လုပ်နေသော ကွန်ဒုံးအတု(၃)သန်းကျော်ကို ဧပြီလ(၂၃)ရက်နေ့က ဖမ်းဆီး သိမ်းဆည်းရမိခဲ့ကြောင်း CCTV သတင်းဌာန၏ ဖော်ပြချက်အရ သိရသည်။
နာမည်ကြီးကွန်ဒုံး အမှတ်တံဆိပ်များအား အတုပြုလုပ်ခြင်းဖြစ်ပြီး Durex နှင့် Jissbon များပါဝင်ကာ ကွန်ဒုံးအတုများ အားလုံးကို အလုပ်ရုံအတွင်း ပြုလုပ်ခြင်းဖြစ်ပြီး ကွန်ဒုံးများအား အွန်လိုင်းနှင့် ဟိုတယ်ငယ်များတွင် ရောင်းချနေခြင်းဖြစ်ကြောင်း သိရသည်။
အွန်လိုင်းတွင် ရောင်းချသော ဈေးနှုန်းမှာ ကွန်ဒုံးတစ်ခုလျှင် (၀.၁)ယွမ် ($0.016)ကျသင့်ကြောင်းနှင့် ဟိုတယ်များတွင် (၃)ယွမ်ခန့်နှင့် ရောင်းချကြောင်း တရုတ်နိုင်ငံမီဒီယာများတွင် ဖော်ပြထားသည်။
“ကွန်ဒုံးတွေကို ပြုလုပ်တဲ့ နေရာမှာသုံးတဲ့ ကုန်ကြမ်းတွေက အရည်အသွေး အလွန်ညံ့ဖျင်းတဲ့ ပစ္စည်းတွေကို အသုံးပြုထားတာပါ ဘေးအန္တရာယ်လဲများပါတယ်၊ စမ်းသပ်ချက်အရ လူခန္ဓာကိုယ်ကို ထိခိုက်စေတာတွေလဲ ရှိပါတယ်”ဟု ရှဲန်ဟိုင်းရဲတပ်ဖွဲ့မှ တာဝန်ရှိသူ Zhang Wenliang မှပြောသည်။
ကွန်ဒုံးအတုများကို ဖြန့်ဝေ ရောင်းချထားမှုအဖြစ် ရှဲန်ဟိုင်း၊ ကွမ်းတုံနှင့် ရှဲန်ဇီ ဒေသတွေမှာ ရောင်းချထားခြင်းတွေ့ရှိရကြောင်းနှင့် ပြည်ပနိုင်ငံများသို့လည်း တင်ပို့ထားနိုင်ကြောင်း သတင်းတွင် ဖော်ထားသည်။
ဘာသာပြန်။ ။ ဇက်(Z)
Ref; CCTVNEWS