တာချီလိတ်တွင်ရှိသော အကဝါသနာရှင် လူငယ်များအား TFC ( Tachileik family Crew )အဖွဲ့မှ နွေရာသီကျောင်းပိတ် ကာလအတွင်း BBoy အကပညာကို အခမဲ့အဖြစ် (၇)ရက်တိတိ သင်ကြားသွားမှုအဖြစ် ယနေ့ ဧပြီလ(၂၄)ရက် ညပိုင်းတွင် စတင် သင်ကြားပေးနေပြီဖြစ်ကြောင်း သိရသည်။
BBoy အကပညာကို သင်ကြားပေးမှု အဖြစ် ယနေ့ ဧပြီလ(၂၄)ရက်နေ့မှ ဧပြီလ(၃၀)ရက်နေ့အထိ ညစဉ် (၇း၃၀)နာရီမှစ၍ တာချီလိတ်မြို့၊ တာလော့ရပ်ကွက်၊ တာလော့ဈေးအတွင်းရှိ ဟုတ်တက် တရုတ်ဘုံကျောင်းတွင် လက်တွေ့ သင်ကြားပေးသွားမှာဖြစ်ပြီး ဆက်လက်၍လည်း စိတ်ပါဝင်စားသူ အသက်(၂၀)နှစ်အောက် အမျိုးသမီး အမျိုးသားမရွေး မည်သူမဆို လာရောက် သင်ယူနိုင်မှာဖြစ်ကြောင်း TFC အဖွဲ့မှ သိရသည်။
Tachileik Family Crew(TFC) အဖွဲ့သည် တာချီလိတ်၌ရှိသော အကဖွဲ့နှစ်ဖွဲ့ဖြစ်သည့် Mizzima Crew နှင့် Attention Crew တို့ပေါင်းစပ်ထားသော အဖွဲ့ဖြစ်ပြီး ယနေ့ ဧပြီလ(၂၄)ရက်နေ့ ညပိုင်းတွင် သင်ကြားမှုအဖြစ် စတင်ရာ လာရောက် သင်ယူသူ ကျား(၁၄)ဦး နှင့် မ(၂)ဦးရှိပြီး ဆက်လက်၍လည်း ၀ါသနာပါသူ လူငယ်များ အနေဖြင့် လာရောက် လေ့လာသင်ယူနိုင်မှာဖြစ်ကြောင်း သိရသည်။