ရှမ်းပြည်နယ် အရှေ့ပိုင်းဒေသ၊ တာချီလိတ်မြို့နှင့် အနီးစပ်ဆုံးဖြစ်သည့် ထိုင်းနိုင်ငံ မယ်ဆိုင်မြို့မှ တရားမ၀င်ရွှေ့ပြောင်း မြန်မာအလုပ်သမား(၄၁)ဦးအား တာချီလိတ်မြို့ရှိ မြန်မာ - ထိုင်း ချစ်ကြည်ရေး အမှတ်(၁)တံတားတွင် ယနေ့ ဧပြီလ(၂၈)ရက် နေ့လယ်ပိုင်းချိန်က ထိုင်းနိုင်ငံ တာဝန်ရှိသူများမှ ပြန်လည်လွှဲပြောင်း ပေးအပ်လာကြောင်း သိရသည်။
ထိုင်းဘက်မှ လွှဲပြောင်းပေးအပ်လာသည့် တရားမ၀င် မြန်မာအလုပ်သမားများတွင် ရှမ်းပြည်နယ် အရှေ့ပိုင်းမှ အမျိုးသား(၈)ဦး နှင့် အမျိုးသမီး(၃)ဦး၊ ရှမ်းပြည်နယ် တောင်ပိုင်းမှ အမျိုးသား(၁၅)ဦး နှင့် အမျိုးသမီး(၈)ဦး၊ ရှမ်းပြည်နယ်မြောက်ပိုင်းမှ အမျိုးသား(၁)ဦး နှင့် အမျိုးသမီး(၃)ဦး၊ ဧရာဝတီတိုင်း ဒေသကြီးမှ အမျိုးသမီး(၁)ဦး နှင့် မန္တလေးတိုင်းဒေသကြီးမှ အမျိုးသား(၁)ဦး အမျိုးသမီး(၁)ဦး စုစုပေါင်း(၄၁)ဦးတို့ ပါဝင်ကြောင်း သိရှိရသည်။
ထိုင်းနိုင်ငံ ချင်းရိုင်းခရိုင်အတွင်း ဖမ်းဆီးရမိသော မြန်မာအလုပ်သမားများကို ထိုင်းလ၀ကမှ ဖမ်းဆီးပြီး မယ်ဆိုင်မြို့မှတဆင့် တာချီလိတ်မြို့သို့ အပတ်စဉ် ယခုလို လွှဲပြောင်းလေ့ရှိကြောင်း သိရသည်။