ဟိုတယ် နှင့် ခရီးသွားလာရေးလုပ်ငန်းဝန်ကြီးဌာန ဒုတိယ၀န်ကြီး ပါလျှိုး-ကျိုင်းလပ်ဒေသ ဖွံ့ဖြိုးရေးဆောင်ရွက်ရန် ရောက်ရှိ

ဟိုတယ် နှင့် ခရီးသွားလာရေးလုပ်ငန်းဝန်ကြီးဌာန ဒုတိယ၀န်ကြီး ပါလျှိုး-ကျိုင်းလပ်ဒေသ ဖွံ့ဖြိုးရေးဆောင်ရွက်ရန် ရောက်ရှိ
မေ 17, 2015
By Tachileik News Agency

ဟိုတယ်နှင့်ခရီးသွားလာရေး လုပ်ငန်းဝန်ကြီးဌာန၊ ဒုတိယ၀န်ကြီး ဒေါက်တာ တင်ရွှေ သည် တာဝန်ရှိသူများ နှင့်အတူ တာချီလိတ်ခရိုင် ၊ တာချီလိတ်မြို့နယ် ပါလျှိုး-ကျိုင်းလပ်ဒေသ ဖွံ့ဖြိုးတိုး တက်ရေးအတွက် မေ ၁၆ ရက်၊ မွန်လွဲပိုင်းက ကျိုင်းလပ်မြို့သို့ရောက်ရှိ၍ အထွေထွေအုပ်ချုပ်ရေး
ဦးစီးဌာန၊ အစည်းအဝေး ခန်းမ၌ဌာနဆိုင်ရာများ၊မြို့မိမြို့ဖများ၊ရပ်ကွက်ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး
များနှင့်တွေ့ဆုံပြီးဟိုတယ်နှင့်ခရီးသွားလာမှုဖွံ့ဖြိုးတိုးတက်ရေး စိုက်ပျိုး၊ မွေးမြူရေးလုပ်ငန်းများဖွံ့ဖြိုး တိုးတက်ရေး ဆောင်ရွက်ရမည့် လုပ်ငန်းအစီအမံများနှင့်စပ်လျဉ်းပြီး ရှင်းလင်း ဆွေးနွေးဆောင် ရွက်ခဲ့ကြောင်းသိရသည်။

ထို့အတူ ဒုတိယ၀န်ကြီးသည် မေ ၁၇ ရက်၊နံနက်၉နာရီက ခရိုင်အထွေထွေအုပ်ချုပ်ရေး
ဦးစီးဌာန အစည်းအဝေးခန်းမ၌ ဌာနဆိုင်ရာများ၊ မြို့နယ်ဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူပြု
ကော်မတီ ၊ မြို့နယ်စည်ပင် သာယာရေးကော်မတီ ၊ ဟိုတယ်လုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ နှင့် ဟိုတယ်လုပ်ငန်းရှင်များ၊ ခရီးသွားလုပ်ငန်း ကုမ္မဏီများ၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း) သတ္တု လုပ်ငန်းရှင်များအသင်း နှင့် တွေ့ဆုံ၍ ပါလျှိုး-ကျိုင်းလပ်ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် တွေ့ဆုံပွဲ
ကျင်းပပြုလုပ်သည်။

အခမ်းအနားတွင် ဒုတိယ၀န်ကြီး က ဒေသဖွံ့ဖြိုးရေးအတွက် မှန်ကန်သည့်အမြင်၊ မှန်ကန်ကောင်းမြတ်သည့် အတွေး၊မှန်ကန်ကောင်းမွန်သည့် ပြောဆိုမှုတို့ဖြင့် စုပေါင်းညီညာ ၊ စည်းလုံးညီညွတ်စွာလုပ်ကိုင်ဆောင်ရွက်ကြလျှင် အမှန်ပင် အကျိုးဖြစ်ထွန်းရရှိစေမှာဖြစ်ကြောင်း၊ ကိုယ့်နိုင်ငံ မှ ထွက်ကုန် တိုးတက်အောင်မြင်အောင်ဆောင်ရွက်ကြ ရန်လိုကြောင်း၊ စိုက်ပျိုး၊
မွေးမြူရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး အမှန်တကယ်ကွင်းဆင်းဆောင်ရွက်ပေးကြရန် လိုကြောင်း၊ လုပ်ငန်းများဆောင်ရွက်ရာတွင် ညှိနှိုင်းဆွေးနွေးမှုများဖြင့် ပွင့်လင်းမြင်သာမှု ရှိစွာ
ဆောင်ရွက်ရန်လို ကြောင်း၊ လုပ်ငန်းများ စနစ်တကျ တိကျမှုရှိမှသာ ပြည်သူများက ယုံကြည် အားကိုးမှု ရရှိစေမှာဖြစ်ပါကြောင်း၊ တည်းခိုခန်းများ တိုးချဲ့ဖွင့်လှစ်နိုင်ရေးအတွက် လုပ်ထုံး လုပ်နည်းများနှင့်အညီစီစဉ်ဆောင်ရွက်ပေးမည် ဖြစ်ကြောင်း၊ အဖွင့်အမှာစကားပြောကြားသည်။

ထို့နောက် ခရိုင်အုပ်ချုပ်ရေးမှူး ဦးတင်ဝင်းရွှေ ၊ ခရိုင်လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသား မှတ်ပုံတင်ရေးဦးစီး ဌာနမှူး ဒုတိယညွှန်ကြားရေးမှူး ဦးကျော်စွာလွင်၊ ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယ ရဲမှူးကြီး လှမင်း၊ ခရိုင်မွေးမြူရေးနှင့် ကုသရေး ဦးစီးဌာနမှူး ဒုတိယညွှန်ကြားရေးမှူး
ဒေါက်တာ စံထွန်းဝေ ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းဝင်း၊ ဟိုတယ်နှင့် ခရီးသွား ညွှန်ကြားမှုဦးစီးဌာန၊ ကျိုင်းတုံ မှ လက်ထောက်ညွှန်ကြားရေးမှူး ဦးသက်လင်း၊ မြို့နယ်ဖွံ့ဖြိုး တိုးတက်ရေး အထောက်အကူပြုကော်မတီ ဥက္ကဋ္ဌ ဦးကြည်မြင့်၊ မြို့နယ်စည်ပင်သာယာရေးကော်
မတီ ဥက္ကဋ္ဌ ဦးစိုင်းကျော်ဇံ၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း)သတ္တုလုပ်ငန်းရှင်များအသင်း အတွင်းရေးမှူး ဦးတင်နွယ်၊ ဟိုတယ်လုပ်ငန်း ရှင်များအသင်း ဥက္ကဋ္ဌ ဦးမြင့်လွင် တို့က ဒေသဖွံ့ဖြိုး တိုးတက်ရေးအတွက် ဆောင်ရွက်ရန် လိုအပ်ချက်များနှင့် စီမံ ဆောင်ရွက်ထားရှိမှု အခြေအနေများ ကို အကျယ်တ၀င့်ရှင်းလင်းတင်ပြကြသည်။

ယင်းနောက် ဟိုတယ်လုပ်ငန်းပိုင်ရှင်များ၊ ခရီးသွားလာရေးလုပ်ငန်းကုမ္မဏီများက လုပ်ငန်းများနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြရာ ဒုတိယ၀န်ကြီး နှင့် တာဝန်ရှိသူများက ပေါင်းစပ်
ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ဝေယံလင်း(iprd)

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net