ရွှေမဟာ

ရွှေမဟာ
မေ 26, 2015
By Tachileik News Agency

ရှမ်းပြည်နယ်အရှေ့ပိုင်းဒေသတွင် ပထမဦးဆုံး ဖွင့်လှစ်နိုင်ခဲ့သည့် ပုဂ္ဂလိက ကိုယ်ပိုင်အထက်တန်းကျောင်းများအနက် ရွှေမဟာကိုယ်ပိုင်အထက်တန်းကျောင်းမှ ၂၀၁၆ - ၂၀၁၇ ပညာသင်နှစ်မှစတင်ကာ ကျောင်းခွဲ (၃)ကျောင်းကို တိုးချဲ့ဖွင့်လှစ်မှာဖြစ်သည့်အတွက် သင်ကြားရေး ဆရာ၊ ဆရာမများအား လျှောက်လွှာများ ခေါ်ယူနေလျက်ရှိကြောင်း သိရသည်။

ရွှေမဟာကိုယ်ပိုင်အထက်တန်းကျောင်းမှတိုးချဲ့ဖွင့်လှစ်မည့် ကျောင်းခွဲများမှာ ရှမ်းပြည်နယ်(ခွဲ - ၁)၊ စစ်ကိုင်းတိုင်းဒေသကြီး (ခွဲ - ၂) နှင့် ပဲခူးတိုင်းဒေသကြီး(ခွဲ - ၃ )တို့ဖြစ်ကြောင်း ရွှေမဟာကိုယ်ပိုင် အထက်တန်းကျောင်း တည်ထောင်သူ ကျောင်းအုပ်ဆရာကြီး ဦးခင်မောင်မြင့် ထံမှ သိရသည်။

သင်ကြားမှု ဆရာ၊ ဆရာမအဖြစ် လျှောက်ထားလိုသူများအနေဖြင့် ကိုယ်ရေးအချက်အလက်၊ မှတ်ပုံတင်မိတ္တူ၊ ဘွဲ့ရလက်မှတ်မိတ္တူ၊ သင်ကြားလိုသော အတန်းနှင့်ဘာသာ၊ ပြစ်မှုကင်းစင်ကြောင်း ရပ်/ကျေး ထောက်ခံချက်၊ ရဲစခန်းထောက်ခံချက် နှင့် လတ်တလောရိုက်ထားသော လိုင်စင်ဓါတ်ပုံ (၃)ပုံတို့ကို လိုအပ်မှာဖြစ်ပြီး လျှောက်ထားလိုသူများအနေဖြင့် တာချီလိတ်မြို့ရှိ ရွှေမဟာကိုယ်ပိုင် အထက်တန်းကျောင်းတွင် လည်းကောင်း၊ အောက်ဖော်ပြပါ ဆက်သွယ်ရန် ဖုန်းနံပါတ်များမှ တဆင့်သော်လည်းကောင်း ဆက်သွယ်စုံစမ်းနိုင်မှာ ဖြစ်ကြောင်း သိရသည်။

ဆက်သွယ်စုံစမ်းရန်

ဦးခင်မောင်မြင့်
(ကျောင်းအုပ်ကြီး)
ရွှေမဟာကိုယ်ပိုင်အထက်တန်းကျောင်း
၂/၂၉၂-မကာဟိုခမ်းရပ်ကွက်၊ တာချီလိတ်မြို့(ရှမ်း/ရှေ့)
ဖုန်း-     ၀၈၄-၅၂၃၃၄
ဖက်ဖုန်း - ၀၈၄-၅၂၃၃၄
မြန်မာဖုန်း - ၀၉၂၅၁၁၅၃၄၁၃၊ ၀၉၃၆၀၄၂၄၀၈

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net