တာချီလိတ်မြို့ ဓမ္မစကူးလ်ကျောင်းတော် - တာချီလိတ်(အ.ထ.က)တွင် ၂၀၁၄ - ၂၀၁၅ ပညာသင်နှစ်၌ သင်ကြားခဲ့သော ကျောင်းသား၊ ကျောင်းသူများအား တစ်နှစ်တာ သင်ယူပြီးမြောက်ကြောင်း လက်မှတ်ပေးအပ်ပွဲနှင့် ပညာဒါန ကုသိုလ်ရှင်များအား မှတ်တမ်းတင် ဂုဏ်ပြုခြင်း အခမ်းအနားကို ၂၀၁၅ခုနှစ် မေလ(၃၀)ရက်နေ့ မွန်းလွဲ(၁)နာရီ အချိန်တွင် တာချီလိတ်မြို့၊ မကာဟိုခမ်းရပ်ကွက်ရှိ ဟုတ်တက် မင်္ဂလာခန်းမ၌ ကျင်းပပြုလုပ်မည်ဖြစ်ရာ ကျောင်းသား၊ကျောင်းသူနှင့် မိဘများ စုစုပေါင်း (၇၀၀)ခန့် လာရောက်ကြမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ အခမ်းအနားတွင် ကျောင်းသား၊ ကျောင်းသူ(၄၀၀)ခန့်နှင့် မိဘဆရာများ အပါအ၀င် စုစုပေါင်း လူဦးရေ (၇၀၀)ခန့် လာရောက်ကြမည်ဖြစ်ရာ ကျောင်းသား၊ ကျောင်းသူ ကလေးငယ်များအတွက် အာဟာရအဖြစ် အစာအာဟာရများကိုလည်း လာရောက်ပေးဝေလှူဒါန်းနိုင်ကြောင်း တာချီလိတ်မြို့နယ်လုံးဆိုင်ရာဓမ္မစကူးလ်ကျောင်းတော် အလုပ်အမှုဆောင်များမှ သိရသည်။
တာချီလိတ်မြို့နယ်တွင် ဓမ္မစကူးလ်ကျောင်းတော်ကို ၂၀၁၃ခုနှစ် သြဂုတ်လ(၁၈)ရက်နေ့က စတင် ဖွင့်လှစ်ခဲ့တာဖြစ်ပြီး ၂၀၁၅ခုနှစ် မတ်လအထိ ဖွင့်လှစ်ခဲ့ပြီးသော ဓမ္မစကူးလ်ကျောင်းများမှာ စုစုပေါင်း(၂၂)ကျောင်းရှိရာ၊ ကျောင်းသား၊ ကျောင်းသူ ကလေးသူငယ်များ အနေဖြင့် စုစုပေါင်း (၃၅၀၀)ခန့် ရှိပြီဖြစ်ကြောင်းနှင့် ဆရာ၊ ဆရာမများအပါအ၀င် သင်ကြားမှု ဆရာ၊ ဆရာမများမှာ စုစုပေါင်း (၁၂၄)ဦး ရှိပြီဖြစ်ကြောင်း သိရှိရသည်။
ဓမ္မစကူးလ်ကျောင်းတော်(တာချီလိတ်)သို့ ဆက်သွယ်လှူဒါန်းလိုလျှင် -
ဦးကျော်သီဟ - ဥက္ကဌ
မြန်မာဖုန်း ။ ။ 09-5240191, 084-51915
ထိုင်းဖုန်း။ ။ 0900524606
ပြည့်စုံပုံနှိပ်တိုက်၊ တာချီလိတ်မြို့။
ဦးဇော်မြင့် - ဒုတိယ ဥက္ကဌ
မြန်မာဖုန်း။ ။ 09-5240377
ထိုင်းဖုန်း။ ။ 081-7645527
"ဖြိုး"ကုန်မျိုးစုံဆိုင်၊ တာချီလိတ်မြို့။
ဦးနေဦး
မြန်မာဖုန်း။ ။ 09-250250735
ထိုင်းဖုန်း။ ။ 086-9187739