ရှမ်းပြည်နယ် အရှေ့ပိုင်းဒေသ တာချီလိတ်ခရိုင်၊ တာချီလိတ်မြို့နယ်တွင် ၂၀၁၅ -၂၀၁၆ ပညာသင်နှစ် ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကို ယနေ့ မေလ (၂၈ )ရက်၊ နံနက် (၉)နာရီက ဆန်ဆိုင်း အခြေခံပညာအထက်တန်းကျောင်းရှိ ခန်းမဆောင်၌ ကျင်းပပြုလုပ်သည်။
အခမ်းအနားတွင် ခရိုင်အုပ်ချုပ်ရေးမှူး ဦးတင်ဝင်းရွှေက အဖွင့်အမှာစကားပြောကြားရာတွင် ယနေ့ နိုင်ငံတော်အနေဖြင့် ဒီမိုကရေစီနိုင်ငံတော်အဖြစ် တည်ဆောက်နေပြီ ဖြစ်သည့်အတွက် စည်းကမ်းပြည့်ဝသည့် ပညာတတ်ပုဂ္ဂိုလ်များ ဖြစ်လာရန် ကျောင်းနေအရွယ်ကလေးတိုင်း ကျောင်းကို ရောက်ရမှာဖြစ်ကြောင်း၊ ကျောင်းနေအရွယ် ကလေးများ ကျောင်းရောက်ရန်အတွက် ဆရာ၊ ဆရာမများ၊ မိဘ၊ ရပ်ရွာပြည်သူလူထု တစ်ရပ်လုံး ၀ိုင်းဝန်း ဆောင်ရွက်ရမှာဖြစ်ကြောင်းနှင့် နိုင်ငံတော်အနေဖြင့် မူလတန်း မှ အထက်တန်းအဆင့်အထိ အခမဲ့ ပညာရေးအဖြစ် စီမံချက်များ ချမှတ် ဆောင်ရွက်လျက်ရှိကြောင်း ရှင်းလင်းပြောကြားသွားသည်။
အခြေခံပညာ မူလတန်းအဆင့်တွင် မသင်မနေရ မူလတန်းပညာရေး စနစ်ကို ဦးတည်ပြီး၊ ယခုနှစ်တွင် မူလတန်း မှ အထက်တန်းအဆင့်ထိ ကျောင်းသားအားလုံး ကျောင်းသုံးစာအုပ် အပြည့်အစုံနှင့်အတူ မူလတန်းအဆင့် ကျောင်းသားကျောင်းသူများအား ကျောင်းဝတ်စုံများ ထောက်ပံ့ပေးမှာဖြစ်ပါ ကြောင်း၊ ပညာရေးပြုပြင်ပြောင်းလဲမှုတွင် အခရာဖြစ်သည့် ဆရာ၊ဆရာမများ အနေဖြင့် မျိုးဆက်သစ်များအားပြုစု ပျိုးထောင်ရာ၌ အခြေအနေအရပ်ရပ်အား လိုက်လျော ညီထွေဖြစ်အောင် အမြင့်ဆုံးအရည်အသွေး (အသိပညာ)၊ အကောင်းဆုံးနည်းပညာတတ်ကျွမ်းမှု (အတတ်ပညာ)များကို အဆင့်မြင့်တင် ပေးအပ်နိုင်ရန် လိုအပ်ပြီး၊ ဘ၀တစ်သက်တာ လေ့လာသင်ယူမှု၊ တီထွင်ဆန်းသစ်မှု များဖြင့် မိမိတို့အတွက်သာမက ကျောင်းသားလူငယ်များအတွက်ပါ ဆောင်ရွက်ပေးကြရန်လိုကြောင်း ဆက်လက်ရှင်းလင်းပြောကြားသွားသည်။
ထို့နောက် မြို့နယ်ပညာရေးမှူး ဦးစိန်ထွန်းလှက နိုင်ငံတော်၏ အနာဂတ်လှပဖို့ ကျောင်းနေအရွယ် ကလေးတိုင်း ကျောင်းအပ်စို့ ၊ ကျောင်းနေအရွယ်ကလေး ကျောင်းအပ်နှံရေး ပြည်သူအားလုံး ပါဝင်ဆောင်ရွက်ပေး ဟူသည့် ဆောင်ပုဒ်များနှင့်အညီ ကျောင်းအပ်နှံရေးသီတင်းပတ် မေလ (၂၅)ရက်မှ မေလ(၃၁)ရက်အထိ ကျောင်းအပ်နှံရေး သီတင်းပတ်နှင့် စပ်လျဉ်းပြီး ရှင်းလင်းတင်ပြသည်။
ဆက်လက်၍ ပညာရေးဌာနသို့ ခရိုင်အမျိုးသမီးရေးရာအဖွဲ့က အလှူငွေကျပ် (၅)သိန်း နှင့် ခရိုင်မိခင်နှင့် ကလေးစောင့်ရှောက်ရေးကြီးကြပ်မှုအဖွဲ့က အလှူငွေကျပ်(၅)သိန်း၊ အခမ်းအနား ဖြစ်မြောက်ရေးအတွက် ဦးအားထူ မိသားစုက အလှူငွေ (၂၀၀၀)ဘတ် နှင့် ပညာကမ္ဘာကိုယ်ပိုင်အထက်တန်းကျောင်းက အလှူငွေ(၁၅၀၀)ဘတ်၊ မြို့ပေါ်ရှိ အခြေခံပညာကျောင်းများ ဖွံ့ဖြိုးတိုးတက်ရေး၊ စာရေးခုံများနှင့် White Boardများ ပြုလုပ်ခြင်း ၊ သံပန်း သံတံခါးများပြုပြင်ခြင်း၊ အုတ်တံတိုင်းနှင့် ရေနှုတ်မြောင်းများ ပြုပြင်ရန်အတွက် ပုန်ထွန်း အလက ကျောင်းအတွက် ကျောင်းအကျိုးတော်ဆောင်အဖွဲ့ က အလှူငွေ (၆၈၃၀၀)ဘတ်၊ ၀မ်ကောင်း- ကချင်ရွာ အမကကျောင်း အတွက် ဦးအိုက်ဆမ် မိသားစု က ငွေကျပ်(၂)သိန်း၊ ဦးနိုင်နိုင်တူး မိသားစု က ငွေကျပ်(၂)သိန်းတို့ကို လှူဒါန်းခဲ့ကြသည်။
တဆက်တည်းမှာပင် တာလော့ မူလတန်းလွန်ကျောင်းအတွက် ဦးမောင်ကြည် မိသားစု က ငွေကျပ် (၃)သိန်း၊ ဦးစံပ မိသားစုက အလှူငွေကျပ် (၃)သိန်း နှင့် ဦးမျိုးညွန့် မိသားစုက အလှူငွေကျပ်(၂၅၀၀၀၀)၊ အထက-ဟောင်လိတ်ကျောင်းအတွက် မြမေတ္တာဘော်ဒါဆောင်က အလှူငွေ (၅၀၀၀)ဘတ်၊ ဦးအောင်နိုင်ဦး မိသားစု က (၁၀၀၀)ဘတ်၊ ဦးအောင်ထိုက် မိသားစုက (၃၀၀၀)ဘတ်၊ ဒေါ်စိုးစိုးခိုင် မိသားစုက (၅၀၀)ဘတ်၊ ဦးအောင်ကြည်ဝင်း မိသားစု က (၃၀၀၀)ဘတ်၊ မိဘမေတ္တာဘော်ဒါ က (၄၀၀၀)ဘတ်၊ ဦးချစ် မိသားစုက (၁၀၀၀)ဘတ်၊ ဒေါ်ပုလဲ မိသားစုက (၅၀၀)ဘတ်၊ ဦးနွဲ့လာ နှင့်ဇနီး ဒေါ်နန်းအင် မိသားစုက ဘတ်(၁)သိန်းတို့ကို လှူဒါန်းည်။
ဆက်လက်၍ အထက - ဆန်ဆိုင်း ကျောင်း အတွက် ဒေါ်နန်းခမ်း မိသားစုက (၅၀၀၀)ဘတ်၊ ဒေါ်ပက်ထရစ် ရှာသန်း မိသားစုက ( ၂၅၀၀ )ဘတ် ၊ ဒေါ်နန်းခမ်းတစ် မိသားစု က အလှူငွေ ( ၂၅၀၀ )ဘတ်တို့ကို ပေးအပ်လှူဒါန်းခဲ့ရာ တာဝန်ရှိသူများက လက်ခံ ရယူပြီး၊ အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာများအား အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြသည်။
သတင်း။ ။ ဝေယံလင်း