မြန်မာတစ်နိုင်ငံလုံး အတိုင်းအတာအရ (၆)ဘာသာ ဂုဏ်ထူးရှင် (၈၂၉)ဦး ထွက်ပေါ်

မြန်မာတစ်နိုင်ငံလုံး အတိုင်းအတာအရ (၆)ဘာသာ ဂုဏ်ထူးရှင် (၈၂၉)ဦး ထွက်ပေါ်
ဇွန် 6, 2015
By Tachileik News Agency

၂၀၁၅ တက္ကသိုလ်ဝင်တန်း အောင်စာရင်းမှာ မြန်မာတစ်နိုင်ငံလုံး အတိုင်းအတာအရ (၆)ဘာသာ ဂုဏ်ထူးရှင် စုစုပေါင်း (၈၂၉)ဦး နှင့် (၅)ဘာသာ ဂုဏ်ထူးရှင် (၂၀၅၂)ဦး ထွက်ပေါ်လာကြောင်း သိရသည်။

မြန်မာတစ်နိုင်ငံလုံး အတိုင်းအတာအရ ဖြေဆိုသူ (၅၉၇၉၄၆)ဦးထဲမှ (၂၂၄၈၄၇)ဦး အောင်မြင်ခဲ့ကြရာမှာ ဂုဏ်ထူးရရှိသူ စုစုပေါင်းမှာ (၅၃၂၂၅)ဦးရှိပြီး (၁၇၁၆၂၂)ဦးမှာ ရိုးရိုးအောင်မြင်သူများဖြစ်ကြောင်း ပညာရေးဦးစီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

ရှမ်းပြည်နယ် အရှေ့ပိုင်း တစ်ခုလုံးတွင် ၀င်ရောက်ဖြေဆိုခဲ့ကြသူများမှာ (၃၆၅၀)ဦးရှိပြီး အောင်မြင်ကြသူများမှာ (၉၂၃)ဦးရှိရာ (၁)ဘာသာ ဂုဏ်ထူးရှင် (၁၄၆)ဦး၊ (၂)ဘာသာ ဂုဏ်ထူးရှင်(၂၉)ဦး၊ (၃)ဘာသာဂုဏ်ထူးရှင် (၇)ဦး၊ (၄)ဘာသာဂုဏ်ထူးရှင် (၃)ဦး၊ (၅)ဘာသာ ဂုဏ်ထူးရှင် (၁)ဦး နှင့် (၆)ဘာသာဂုဏ်ထူးရှင် (၃)ဦး စုစုပေါင်း ဂုဏ်ထူးရ ကျောင်းသား၊ ကျောင်းသူ (၁၈၉)ဦး ထွက်ပေါ်လာခဲ့ရာ  ကျန်(၇၃၄)ဦးမှာ ရိုးရိုးအောင်မြင်သူများသာဖြစ်ကြောင်း သိရသည်။

မြန်မာတစ်နိုင်ငံလုံးအနေဖြင့် ဂုဏ်ထူးရရှိသူ ကျောင်းသား၊ ကျောင်းသူများမှာ (၂၀၁၅)ခုနှစ်တွင် (၅၃၂၂၅)ဦးရှိပြီး၊  ပြီးခဲ့သည့် (၂၀၁၄)ခုနှစ်က ဂုဏ်ထူးရရှိသူ ကျောင်းသား၊ ကျောင်းသူများမှာ (၄၅၅၈၇)ဦးသာ ရှိခဲ့ကြောင်းသိရသည်။

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  

~~~~~~ ကြော်ငြာ ~~~~~~