မြန်မာအသင်း ပါဝင်သည့် အကြိုဗိုလ်လုပွဲနှင့် နောက်ဆုံးဗိုလ်လုပွဲတို့အား တာချီလိတ်၌ တိုက်ရိုက်ပြသမည်

မြန်မာအသင်း ပါဝင်သည့် အကြိုဗိုလ်လုပွဲနှင့် နောက်ဆုံးဗိုလ်လုပွဲတို့အား တာချီလိတ်၌ တိုက်ရိုက်ပြသမည်
ဇွန် 11, 2015
By Tachileik News Agency

(၂၈)ကြိမ်မြောက် ဆီးဂိမ်းအား စင်္ကာပူနိုင်ငံမှ အိမ်ရှင်အဖြစ် လက်ခံ ကျင်းပပြုလုပ်လျက်ရှိရာ ဘောလုံးပြိုင်ပွဲ၏ အကြိုဗိုလ်လုပွဲ(၁) နှင့် နောက်ဆုံး ဗိုလ်လုပွဲတို့အား တာချီလိတ်ရှိ ဒေသခံများ အနေဖြင့် လွတ်လပ်ပေါ့ပါးစွာ ကြည့်ရှုအားပေးနိုင်ရန်အတွက် အဆိုပါ ပြိုင်ပွဲများကို အောင်မြတ်ခန်းမနှင့် ရှမ်းရိုးမကွင်းတို့တွင် တိုက်ရိုက် ပြသပေးသွားရန် စီစဉ်ထားရှိကြောင်း သိရသည်။

မြန်မာ နှင့် ဗီယက်နမ်တို့ အကြိတ်အနယ်ယှဉ်ပြိုင်ကြမည့် အကြိုဗိုလ်လုပွဲ(၁)အား ၂၀၁၅ခုနှစ် ဇွန်လ(၁၃)ရက် မြန်မာစံတော်ချိန် နေ့လည်(၁၂း၃၀)တိတိ အချိန်တွင် ကျင်းပပြုလုပ်မည်ဖြစ်ရာ အဆိုပါ ပြိုင်ပွဲအား တာချီလိတ်မြို့ရှိ အောင်မြတ်ခန်းမတွင် တိုက်ရိုက်ပြသပေးသွားမှာ ဖြစ်သည်။

ထို့အတူ အကြိုဗိုလ်လုပွဲ(၁) နှင့် (၂)တို့မှ အနိုင်ရရှိလာမည့် အသင်းနှစ်သင်းအနေဖြင့် နောက်ဆုံး ဗိုလ်လုပွဲအဖြစ် ၂၀၁၅ခုနှစ် ဇွန်လ(၁၅)ရက် မြန်မာစံတော်ချိန် ည(၇)နာရီတိတိ အချိန်တွင် စတင်ယှဉ်ပြိုင်ကြမည်ဖြစ်ရာ တာချီလိတ်မြို့ရှိ ဒေသခံများအနေဖြင့် ကြည့်ရှုအားပေးနိုင်ရန်အတွက် တာချီလိတ်မြို့ ရှမ်းရိုးမကွင်းတွင် တိုက်ရိုက်ပြသပေးသွားမည်ဖြစ်ကြောင်း မေတ္တာဖြင့် စီစဉ်သူများထံမှ သိရသည်။

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  

~~~~~~~~~~ ကြော်ငြာ ~~~~~~~~~