ရှမ်းပြည်နယ်၊ အရှေ့ပိုင်းဒေသ၊ တာချီလိတ်ခရိုင် တာချီလိတ်မြို့နယ် စာရေးဆရာအသင်းမှ ထုတ်ဝေမည့် ရွှေတြိဂံမဂ္ဂဇင်းအတွက် စာမူများကို ဇွန်လ (၃၀)ရက် နောက်ဆုံးထား၍ တာချီလိတ်မြို့နယ် စာရေးဆရာအသင်းသို့ ပေးပို့နိုင်မှာ ဖြစ်ကြောင်း မြို့နယ်စာရေးဆရာအသင်းမှ သိရသည်။
မြို့နယ်စာရေးဆရာအသင်းမှ ထုတ်ဝေမည့် ၂၀၁၅ခုနှစ်အတွက် ရွှေတြိဂံမဂ္ဂဇင်းတွင် တာချီလိတ်ဒေသ၏ ပုံရိပ်များကို အထူးပေါ်လွင်စေမည့် နှစ်သက်ရာ အလိုက် ၀တ္တုတို၊ ၀တ္တုရှည်၊ ဆောင်းပါး၊ ကဗျာ နှင့် ကာတွန်းများကို အောက်ဖော်ပြပါ လိပ်စာများမှ တဆင့် သတ်မှတ်ရက်များ အတွင်း ပေးပို့နိုင်မှာဖြစ်ပြီး ၀ါသနာရှင်များ ပေးပို့လာသည့် စာမူများကို စိစစ်၍ မဂ္ဂဇင်းတွင် ဖော်ပြပေးသွားမှာ ဖြစ်ကြောင်း သိရသည်။
စာမူပေးပို့နိုင်မည့် လိပ်စာများ
မြို့နယ်စာရေးဆရာအသင်းရုံး
ဆန်ဆိုင်း(ခ)ရပ်ကွက်၊ တာချီလိတ်မြို့။
ဦးထိန်မင်း
(ဥက္ကဋ္ဌ ) မြို့နယ်စာရေးဆရာအသင်း၊
မေတ္တာမိတ္တူလုပ်ငန်း၊ ဗိုလ်ချုပ်လမ်း၊ အကောက်ခွန်ရုံးရှေ့၊ ၀မ်ကောင်းရပ်ကွက်၊ တာချီလိတ်မြို့။
ဦးလှဌေး
ဦးစီးအရာရှိ
တာချီလိတ်ခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန။
ခရိုင် ပြန်/ဆက်ရုံး၊ ရွှေတိဂုံဘုရားလမ်း၊ တာချီလိတ်မြို့။