မြန်မာအမျိုးသမီးများနေ့ အခမ်းအနား၌ ဂုဏ်ထူးရကျောင်းသူများကို ဆုချီးမြှင့်

မြန်မာအမျိုးသမီးများနေ့ အခမ်းအနား၌ ဂုဏ်ထူးရကျောင်းသူများကို ဆုချီးမြှင့်
ဇူလိုင် 3, 2015
By Tachileik News Agency

ရှမ်းပြည်နယ် အရှေ့ပိုင်းဒေသ တာချီလိတ်ခရိုင်နှင့်မြို့နယ် အမျိုးသမီးရေးရာအဖွဲ့က ကြီးမှူး ကျင်းပပြုလုပ်သည့် မြန်မာအမျိုးသမီးများနေ့ အထိမ်းအမှတ် အခမ်းအနားကို ယနေ့ ဇူလိုင်(၃)ရက်၊ နံနက် (၉)နာရီအချိန်က အောင်မြတ်ခန်းမ၌ ကျင်းပပြုလုပ်သည်။

အခမ်းအနားတွင် တာချီလိတ်အခြေခံပညာအထက်တန်းကျောင်း မှ အမျိုးသမီးရေးရာအဖွဲ့ဝင် ကျောင်းသူ များနှင့် တာလော့မူလတန်းလွန်ကျောင်းမှ ကျောင်းသူများက မြန်မာအမျိုးသမီးများနေ့ ဂုဏ်ပြုတေးသီချင်း၊ တေး သရုပ်ဖော်အက များဖြင့် ဖျော်ဖြေတင်ဆက်ကြသည်။

ဆက်လက်၍ ခရိုင်အမျိုးသမီးရေးရာအဖွဲ့ ဥက္ကဋ္ဌ ဒေါ်ဝင်းဝင်းသန့် က အဖွင့်အမှာစကားပြောကြားပြီး ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ ဥက္ကဋ္ဌ ဒေါ်အေးသန္တာကျော်က မြန်မာနိုင်ငံ အမျိုးသမီးရေးရာအဖွဲ့ချုပ် အကြောင်း ရှင်းလင်းပြောကြားသည်။

ထို့နောက် မြန်မာအမျိုးသမီးများနေ့ အထိမ်းအမှတ် အခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေး အတွက် အလှူငွေများ ပေးအပ်လှူဒါန်းရာ ခရိုင်အုပ်ချုပ်ရေးမှူး ဦးတင်ဝင်းရွှေ၊ ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး လှမင်း ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းဝင်း၊ မြို့နယ်ဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူပြုကော်မတီ ဥက္ကဋ္ဌ ဦးကြည်မြင့်၊ မြို့နယ်စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌ ဦးစိုင်းကျော်ဇံ နှင့် တာဝန်ရှိသူများက လက်ခံရယူပြီး၊ ဂုဏ်ပြုမှတ်တမ်း လွှာများပြန်လည်ပေးအပ်သည်။

ယင်းနောက် မြန်မာအမျိုးသမီးများနေ့ အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲများတွင် ဆုရရှိသည့်ကျောင်းသား ကျောင်းသူများ၊ ၂၀၁၄ - ၂၀၁၅ ပညာသင်နှစ် ၊ တက္ကသိုလ်ဝင်စာမေးပွဲတွင် ဂုဏ်ထူးများဖြင့် ထူးချွန်စွာအောင်မြင်ခဲ့သည့် ကျောင်းသူများ၊ ရိုးရာဝတ်စားဆင်ယင်ထုံးဖွဲ့မှု ပြိုင်ပွဲတွင် ပါဝင် ယှဉ်ပြိုင်ခဲ့သူများနှင့် ဆုရရှိသူများ၊ မေတ္တာဖြင့် မိတ်ကပ်နှင့် ဆံထုံးတာဝန်ယူပြင်ဆင်ပေးခဲ့သူများ၊ နည်းပြဆရာမများ၊ အကပဒေသာများဖြင့် ပူးပေါင်း ပါဝင်တင်ဆက် ကပြဖျော်ဖြေပေးခဲ့သူများ ၊ အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲတွင် ပါဝင်ကူညီခဲ့သည့် မြို့နယ်စာရေးဆရာအသင်း နှင့် အဖက်ဖက်မှ ကူညီပံ့ပိုးပေးသူများအား ခရိုင်အမျိုးသမီးရေးရာအဖွဲ့ ဥက္ကဋ္ဌ ၊ မြို့နယ်အမျိုးသမီး ရေးရာအဖွဲ့ ဥက္ကဋ္ဌ နှင့် တာဝန်ရှိသူများက ဂုဏ်ပြုဆု ၊ ဂုဏ်ပြုမှတ်တမ်းလွှာများ နှင့် အမှတ်တရလက်ဆောင်များ ပေးအပ်ခဲ့ကြပြီး၊ အခမ်းအနားအပြီးတွင် တက်ရောက်လာသည့် ဧည့်ပရိတ်သတ်များက တစ်နှစ်တာအတွင်း ခရိုင်နှင့်မြို့နယ်အမျိုးသမီး ရေးရာအဖွဲ့၏ ပြည်သူ့အကျိုးပြုလုပ်ငန်းများဆောင်ရွက်နိုင်မှု မှတ်တမ်းဓာတ်ပုံပြဘုတ်များအား ကြည့်ရှုလေ့လာခဲ့ ကြောင်းသိရသည်။

သတင်း ။  ။ ဝေယံလင်း

ပုံများကိုကြည့်ရန်
မြန်မာအမျိုးသမီးများနေ့ အခမ်းအနား၌ ဂုဏ်ထူးရကျောင်းသူများကို......

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net