မြန်မာနိုင်ငံ၏ ဘက်ဆုံလွှမ်းခြုံနိုင်သော ပညာရေးကဏ္ဍလေ့လာသုံးသပ်ချက်လုပ်ငန်းများ လုပ်ကိုင်နေသော (CESR)နှင့် မြန်မာနိုင်ငံ ပညာရေးသုတေသနပူးပေါင်း၍ အမျိုးသားပညာရေး မဟာဗျူဟာစီမံကိန်း (National Education Statesic Plan) (၉)ရပ်နှင့် ပညာရေးဥပဒေမူကြမ်း (၃)ရပ်အား ၂၀၁၆ခုနှစ်တွင် စတင်အကောင်အထည့်ဖေါ်ရန် တာချီလိတ်မြို့ ဆန်ဆိုင်အထက်တန်းကျေင်းတွင် ဇူလိုင်(၅)ရက်နေ့တွင် ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူများနှင့် ပညာရေးပြုပြင်လဲရန်လိုလားသော ပြည်သူများနှင့် ကြံညဏ်များရယူကာ ဆွေးနွေးတိုင်ပင်လျှက်ရှိကြောင်းသိရသည်။
`အဓိကတော့ လူတိုင်းအကြုံဝင်ပါဝင်ပြီး ဘက်ဆုံဖွံ့ဖြိုးတိုးတက်ဖို့ လက်ရှိအခြေအနေကို တစ်နိုင်လုံးမှာ ပညာရေးနဲ့ပါတ်သတ်ရင် လက်ရှိအခြေအနေကို မြင်နိုင်ဖို့အတွက် ဇူလိုင်လပထမပတ်အတွင်းမှာ ပြည်သူတွေနဲ့ အကြံညဏ်တောင်းခံပြီး ဆွေးနွေးနေတာပါ၊ ပညာရေးစနစ်ပြောင်းလဲဖို့ လက်ရှိပညာရေးနဲ့ ပါတ်သက်တဲ့ လက်ရှိအဖြစ်အပျက်တွေနဲ့ Data အချက်အလက်နဲ့ ကိန်းကဏာန်းတွေကို အတိအကျရရှိမှဖြစ်ပါတယ်´ဟု CESR မှ Task Force Manager ပါမောက္ခ ဒေါက်တာ သန့်စင်မှ ပြောသည်။
(CESR)မှ မြန်မာနိုင်ငံအား ပညာရေးဖြင့် ခေတ်မှီဖွံ့ဖြိုးတိုက်တက်သော နိုင်ငံတော်ကို တည်ဆောက်ပေးနိုင်သည့် ပညာရေးစနစ်ဖြစ်ထွန်းပေါ်ပေါက်စေရန် အရည်အသွေးရှိသော ပညာရေးစနစ်အား ၂၀၁၂ ခုနှစ်မှ အဆင့်(၃)ဆင့်ဖြင့် စတင် အကောင်အထည်ဖေါ်ဆောင်ရွက်လျှက်ရှိကြောင်း သိရပြီး ဇူလိုင်လ (၄)ရက်နှင့် (၅)ရက်နေ့တွင် မြန်မာနိုင်ငံတစ်ဝှမ်းရှိ (၄၃)ခရိုင်တွင် ဆရာ/ဆရာမများ၊ ကျောင်းသားကျောင်းသူများနှင့် ပညာရေးပြုပြင်ပြောင်းလဲရန် လိုလားသော ပြည်သူများနှင့် အကြံညဏ်မျတားရယူကာ ဆွေးနွေးတိုင်ပင်လျှက်ရှိကြောင်းသိရသည်။
မြန်မာနိုင်ငံတွင် ကျောင်းသားကျောင်းသူများ(၉)သန်းရှိရာ တက္ကသိုလ်ဝင်တန်းတွင် ကျောင်းသားဦးရေကျဆင်းလျှက်ရှိပြီး တစ်နိုင်ငံလုံး၌ တက္ကသိုလ်ဝင်းတန်း၌ (၅)သိန်းသာရှိတော့ကြောင်း ကျောင်းသားများ ကျောင်းပြင်ပ(Drop Out)ရောက်ရှိသွားခြင်းသည် နိုင်ငံအတွက် မကောင်းခြင်းကြောင့် ကျောင်းပြင်ပ ပညာရေးအား ဖေါ်ဆောင်နိုင်ရန် မြို့နယ်အလိုက် သုတေသနလေ့လာချက်များပြုလုပ်၍ ဆောင်ရွက်ပေးရန် လိုအပ်ကြောင်း ၄င်းမှ ပြောကြားခဲ့သည်။
`အမျိုးသားပညာရေးမဟာဗျူဟာကို အဆင့်(၃)ဆင့်နဲ့ ရေးဆွဲထားပြီး ၂၀၁၆ ခုနှစ်ကနေ ၂၀၂၁ ခုနှစ်အတွင်း အကောင်အထည်ဖေါ်ဖို့ ရည်မှန်းထားပါတယ်၊ ဒါတွေကို (CESR)နဲ့ မြန်မာနိုင်ငံ ပညာရေးသုတေသန၊ ပညာရေးဝန်ကြီးဌာနနဲ့ ပူးပေါင်းပြီး ကောင်းအထည်ဖေါ်ဆောင်ရွက်မှာပါ´ဟု (CESR)မှ အကြံပေး ဒေါက်တာ ဒေါ်ဌေးရီမှပြောကြားခဲ့သည်။
အမျိုးသားပညာရေးမဟာဗျူဟာအား အကောင်အထည်ဖေါ်ရာတွင် ပညာရေးဥပဒေ(၃)ရပ် ရေးဆွဲပြီးကြောင်းနှင့် ၄င်းတို့မှာ အခြေံပညာဥပဒေ(မူကြမ်း)၊ နည်းပညာရေး၊ သက်မွေးပညာရေးဥပဒေ(မူကြမ်း)နှင့် ပုဂ္ဂလိကပညာရေးဥပဒေ(မူကြမ်း)တို့အား ရေးဆွဲထားပြီးဖြစ်ကြောင်း၊ အဆင့်(၁)အနေနှင့် ပညာရေးဥပဒေမူကြမ်း၊ မူဝါဒ၊ စီမံခန့်ခွဲမှု၊ ဘဏ္ဍာရေးသုံးစွဲမှုနှင့် စွမ်းဆောင်ရည်ပြဿနာများအား ကဏ္ဍအလိုက်ခွဲခြား၍ လေ့လာမည်ဖြစ်ပြီး အဆင့်(၂)တွင် အဆင့်(၁)တွင် တွေ့ရှိခဲ့သော အခက်အခဲများ၊ အချက်အလက်များနှင့် အကြံပြုချက်များအား အသေးစိတ်လေ့လာ၍ မူကြိုပညာရေးနှင့် အခြေခံပညာရေး မူလတန်း၊ အလယ်တန်း၊ အထက်တန်းပညာရေးစနစ်အား အားလုံးပါဝင်သော ဘက်စုံလူတိုင်းအကြုံဝင်ပါသောပညာရေးစနစ်အား အကောင်အထည်ဖေါ်ဆောင်ရွက်မည်ဖြစ်ပြီး၊ အဆင့်(၃)တွင် ၂၀၁၄-၂၀၁၆ (၂)နှစ် စီမံကိန်းဖြင့်လည်းကောင်း ၂၀၁၆-၂၀၂၁ အစိုးရသက်တမ်း(၅)နှစ် နှင့်အညီ စီမံကိန်းများအား အံဝင်ခွင်ကျဖြစ်အောင် ရေးဆွဲအကောင်အထည်ဖေါ်လျှက်ရှိကြောင်း ဿိရသည်။
တာချီလိတ်မြို့ ပြည်သူများမှ ပညာရေးစနစ်အား ဆွေးနွေးရာတွင် ကျောင်းပြင်ပ ပညာရေး(NEF)နှင့် ကလေးငယ်များအာ ပညာရေးအား ကိုယ်တိုင် ရွေးချယ်သင်ယူခွင့်၊ ၂၀၁၆ ခုနှစ်တွင် ပြောင်းလဲလာမည့် ပညာရေးတစ်နစ်အပေါ် စိုးရိမ်မှုများ၊ ကျောင်းများတွင် ကလေးများအား အသက်မွေးဝမ်းကျောင်းနှင့် အိမ်တွင်း လက်မှု၊ စိုက်ပျိုးရေးတို့အား ဖွံ့ဖြိုးရေးကဏ္ဍထည့်သွင်းရန်၊ ကိုယ်တိုင် ပတ်ဝန်းကျင်အား လေ့လာသင်ယူရန်နှင့် စာမေးပွဲ ကျက်ဖြေစနစ်အား ပြုပြင်ပြောင်းလဲရန် ဆွေးနွေးခဲ့ကြောင်းသိရသည်။