(သတင်းတို) ဇူလိုင်လ(၁၀)ရက်နေ့ တစ်နေ့တည်းတွင် မြန်မာနိုင်ငံ၌ အသေးစား ငလျင်(၆)ကြိမ်လှုပ်ခဲ့

(သတင်းတို) ဇူလိုင်လ(၁၀)ရက်နေ့ တစ်နေ့တည်းတွင် မြန်မာနိုင်ငံ၌ အသေးစား ငလျင်(၆)ကြိမ်လှုပ်ခဲ့
ဇူလိုင် 11, 2015
By Tachileik News Agency

၂၀၁၅ခုနှစ် ဇူလိုင်လ(၁၀)ရက်နေ့က တစ်နေ့တည်းမှာ အသေးစား ငလျင်များ လှုပ်ခတ်သွားခဲ့ရာတွင် မြန်မာနိုင်ငံတွင် (၆)ကြိမ် နှင့် တရုတ်နိုင်ငံတွင်(၁)ကြိမ်အပါအ၀င် စုစုပေါင်း(၇)ကြိမ်တိတိ လှုပ်ခတ်သွားခဲ့ကြောင်းနှင့် မြန်မာနိုင်ငံတွင် အများဆုံးလှုပ်ခတ်သွားခဲ့ရာမှာ ရှမ်းပြည်နယ် တောင်ပိုင်း နှင့် အရှေ့ပိုင်းအပါအ၀င် ကရင်ပြည်နယ်တွင်လည်း လှုပ်ခတ်သွားခဲ့ပြီး လှုပ်ခတ်သွားခဲ့သည့် ငလျင်များမှာ အသေးစား ငလျင်များသာဖြစ်ပြီး အင်အား (၂.၂)မှ (၃.၂)ထိသာ ရှိကြောင်း ထိုင်းနိုင်ငံ ငလျင်နှင့် မိုးလေ၀သ ခန့်မှန်းရေးဌာန၏ ထုတ်ပြန်ချက်အရ သိရှိရသည်။

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~