အာဇာနည်နေ့ အထိမ်းအမှတ် စာစီစာကုံး နှင့် ပိုစတာပန်းချီပြိုင်ပွဲတွင် ကျောင်းသား/သူ (၁၃၁)ဦး ပါဝင်

အာဇာနည်နေ့ အထိမ်းအမှတ် စာစီစာကုံး နှင့် ပိုစတာပန်းချီပြိုင်ပွဲတွင် ကျောင်းသား/သူ (၁၃၁)ဦး ပါဝင်
ဇူလိုင် 14, 2015
By Tachileik News Agency

ဇူလိုင်လ(၁၉)ရက်နေ့တွင် ကျရောက်မည်ဖြစ်သော (၆၈)နှစ်မြောက် အာဇာနည်နေ့အား ကြိုဆိုဂုဏ်ပြုသောအားဖြင့် တာချီလိတ်၌ စာစီစာကုံး နှင့် ပိုစတာပန်းချီပြိုင်ပွဲကို ကျင်းပပြုလုပ်ရာ ၀င်ရောက်ယှဉ်ပြိုင်သည့် တာချီလိတ်မြို့ပေါ်ကျောင်းများမှ ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း (၁၃၁)ဦး ရှိကြောင်း သိရသည်။

ယင်းပြိုင်ပွဲကို ယနေ့ ဇူလိုင်လ(၁၄)ရက် နံနက်(၉)နာရီ အချိန်က အခြေခံပညာ အထက်တန်းကျောင်း (ဆန်ဆိုင်း)တွင် စတင်ကျင်းပပြုလုပ်ရာ မြို့နယ်ပညာရေးကော်မတီ ဥက္ကဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းဝင်း နှင့် ဒိုင်အဖြစ်တာဝန်ယူထားရှိသည့် ခရိုင် ပြန်/ဆက် ဦးစီးအရာရှိ ဦးလှဋ္ဌေး၊ တာချီလိတ်မြို့နယ်စာရေးဆရာအသင်း ဥက္ကဌ ဦးထိန်မင်း နှင့် ကျောင်းအကျိုးတော်ဆောင်များ၊ ဆရာ၊ ဆရာမများမှ ကြီးကြပ်ဆောင်ရွက်ခဲ့ကြသည်။

စာစီစာကုံး၊ ကဗျာ၊ ကာတွန်း၊ ပိုစတာပြိုင်ပွဲများတွင် ဆုရရှိမည့် ကျောင်းသား၊ ကျောင်းသူများကို ဇူလိုင်လ(၁၉)ရက်နေ့တွင် ကျင်းပပြုလုပ်မည့် အာဇာနည်နေ့အခမ်းအနား၌ ပေးအပ်ချီးမြှင့်သွားမှာဖြစ်ကြောင်း သိရှိရသည်။

ဓါတ်ပုံ။  ။ ဇောင်းညီ

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  

~~~~~~~~~~ ကြော်ငြာ ~~~~~~~~~