မြန်မာနိုင်ငံ နှင့် ထိုင်းနိုင်ငံ နယ်နိမိတ်အကြား စီးဆင်းနေသည့် မယ်ဆိုင်ချောင်းအတွင်းမှ ရေများကို လယ်မြေများအတွင်း ရယူကာ သုံးစွဲနေသော မယ်ဆိုင်မြို့မှ လယ်သမားများသည် သဲအိတ်ဖြင့် ယနေ့ ဇူလိုင်လ(၁၄)ရက်နေ့မှာ ရေတားပြုလုပ်ကာ ဆောင်ရွက်ထားသည့်ကိစ္စ နှင့် ပတ်သက်၍ ဒေသအုပ်ချုပ်ရေးဆိုင်ရာ တာဝန်ရှိသူများမှ တာချီလိတ်ဘက်ကမ်းတွင် စောင့်ကြည့်နေလျက်ရှိပြီး၊ မြန်မာ - ထိုင်း နယ်ခြားကော်မတီမှလည်း ထိုင်းဘက်တွင် လုပ်ဆောင်နေမှုများကို ဖြေရှင်း ဆောင်ရွက်နေလျက်ရှိကြောင်း သိရသည်။
မွန်းလွဲ(၂)နာရီ ၀န်းကျင်တွင် ထိုင်းလယ်သမားများမှ ရေတားလုပ်ဆောင်နေမှုကို ရပ်နားသွားခဲ့ကြောင်း နှင့် ထိုင်းဘက်အာဏာပိုင်များမှ လာရောက်ကြည့်ရှုစစ်ဆေးသွားကြောင်း သိရှိရသည်။
ယခုဖော်ပြပါ ပုံများသည် ဇူလိုင်လ(၁၄)ရက် နံနက်ပိုင်းမှ (၁၄း၀၀)နာရီအချိန်ထိ လှုပ်ရှားဆောင်ရွက်နေမှု ပုံများပဲ ဖြစ်ပါသည်။