၂၀၁၅ခုနှစ်၏ မြို့နယ်အားကစားဖွံ့ဖြိုးတိုးတက်ရေး အစီအစဉ်(TSDP)အရ ကျင်းပပြုလုပ်သော တာချီလိတ်မြို့နယ် အုပ်ချုပ်ရေးမှူး(ဖလား) ရပ်ကွက်/ကျေးရွာ(အလွတ်တန်း) ဘောလုံးပြိုင်ပွဲကို ယနေ့ ဇူလိုင်လ (၁၅)ရက် ညနေပိုင်းက စတင်ကျင်းပပြုလုပ်ရာ ပွဲစဉ်တစ်လျှောက်တွင် ပြိုင်ပွဲဝင် ဘောလုံးအသင်း စုစုပေါင်း အသင်း(၂၀)ရှိကြောင်း သိရသည်။
ယင်းပြိုင်ပွဲကို စတင်ဖွင့်လှစ်ခြင်းအဖြစ် တာချီလိတ်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းဝင်းမှ ကွင်းအတွင်း ဘောလုံးကန်သွင်းကာ ဖွင့်လှစ်ပေးခဲ့ပြီး ပွဲဦးထွက် အနေဖြင့် မကာဟိုခမ်းရပ်ကွက် ဘောလုံးအသင်းနှင့် မိုင်းဖုန်း(ခ) ဘောလုံးအသင်းတို့ မှ ယှဉ်ပြိုင်ကစားခဲ့ကြကြောင်း သိရသည်။
ပြိုင်ပွဲများတွင် အုပ်စုလိုက် အနေဖြင့် အုပ်စု(က)တွင် ဆန်ဆိုင်း(က)၊ မကာဟိုခမ်း၊ တာလော့(က)၊ လွယ်တော်ခမ်း နှင့် မိုင်းဖုန်း(ခ)စသည့် ဘောလုံးအသင်းတို့ ပါဝင်ပြီး အုပ်စု(ခ)တွင် ပါဆတ်၊ ၀မ်ကောင်း(ခ)၊ ဖန်မင်၊ တာလေ နှင့် ဆေခမ်းစသည့် ဘောလုံးအသင်းတို့ ပါဝင်သည်။
အုပ်စု(ဂ)တွင် ရန်အောင်မြေ၊ တာလော့(ခ)၊ မယ်ခေါင်၊ မိုင်းကိုး နှင့် မိုင်းဖုန်း(က) ဘောလုံးအသင်းတို့ ပါဝင်ပြီး၊ အုပ်စု(ဃ)တွင် ပုန်းထွန်၊ ၀မ်လုံး၊ ဆန်ဆိုင်း(ခ)၊ ၀မ်ကောင်း(က)နှင့် ၀ိန်းကျောက် စသည့် ဘောလုံးအသင်းတို့ ပါဝင်ကြောင်း သိရသည်။
အသင်းအလိုက် ယှဉ်ပြိုင်မှုအနေဖြင့် ၁၅.၇.၂၀၁၅ ရက်နေ့မှ ၂၃.၈.၂၀၁၅ ရက်နေ့အထိ ရက်ပေါင်း(၄၀)ရက်တိတိ ယှဉ်ပြိုင်ပြီးနောက် ဒုတိယအဆင့် ကွာတားဖိုင်နယ် နှင့် ဆီမီးဖိုင်နယ်အပြင် ဗိုလ်လုပွဲများကို ဆက်လက် ကျင်းပသွားမှာ ဖြစ်ကြောင်း သိရှိရသည်။
ဓါတ်ပုံ။ ။ ဇောင်းညီ