ယနေ့ ၂၀၁၅ခုနှစ် ဇူလိုင်လ(၂၃)ရက်နေ့ နံနက်(၁၀)နာရီ(၈)မိနစ်အချိန်က မြန်မာ - ထိုင်း နယ်နိမိတ်ချောင်းဖြစ်သည့် မယ်ဆိုင်ချောင်းအတွင်း ဂရင်းဆိပ် ရေတား မြင်ကွင်းပဲဖြစ်ပါသည်။
အဆိုပါ ရေတားပယ်ဖျက်ရေး ကိစ္စရပ်များကို ဆိုင်းငံ့ထားသည်မှာ ယနေ့သည် မြန်မာ - ထိုင်း သဘောတူညီချက်အရ (၁၀)ရက်တိတိပြည့်သော နေ့ဖြစ်ကြောင်း သိရပြီး ယင်းကိစ္စနှင့် ပတ်သက်၍ တာချီလိတ်ဒေသခံပြည်သူများမှ စိတ်ဝင်စားကာ စောင့်ကြည့်နေလျက်ရှိကြောင်း သိရှိရသည်။
ယင်းကိစ္စနှင့် ပတ်သက်၍ ဇူလိုင်လ(၁၃)ရက်နေ့က ထိုင်း - မြန်မာ ချစ်ကြည်ရေး အမှတ်(၁)တံတား ထိုင်းဘက်တွင် ထိုင်းလယ်သမားများက တံတားဆန္ဒပြခဲ့ခြင်းကြောင့် ရေတား(၃)ခု ပယ်ဖျက်ခြင်းကို ဆိုင်းငံ့ထားခဲ့ရသည်။