မြန်မာနိုင်ငံအတွင်း ရေကြီးရေလျှံမှုများကြောင့် ခံစားနေရသော ရေဘေးသင့်ပြည်သူများအား ပြန်လည် ထောက်ပံ့ပေးအပ်နိုင်ရန် အတွက် ယနေ့ သြဂုတ်လ(၂)ရက် နံနက်ပိုင်းက (၇)ရက်သားသမီးများ ကောင်းမှုအဖြစ် တာချီလိတ်မြို့ ပြည်သူ့နတ်နန်း(ပင်မ)ဗိမာန်တော်ကြီးထိန်းသိမ်းရေးကော်မတီမှ အလှူငွေ ကျပ်(၁၀)သိန်းတိတိကို ပေးအပ်လှူဒါန်းကြောင်း သိရသည်။
"တာချီလိတ်မြို့ ပြည်သူ့နတ်နန်း(ပင်မ)ဗိမာန်တော်ကြီးထိန်းသိမ်းရေးကော်မတီ ကနေပြီး (၇)ရက် သားသမီးများ ကောင်းမှုအနေနဲ့ ကျပ်(၁၀)သိန်း တိတိကို လှူဒါန်းပါတယ်၊ ရေဘေးကယ်ဆယ်ရေးအတွက် (၇)ရက်သားသမီးများ လိုအပ်သလို အသုံးပြုနိုင်ဖို့ပါ.."ဟု ပြည်သူ့နတ်နန်း(ပင်မ)ဗိမာန်တော်ကြီး ထိန်းသိမ်းရေးကော်မတီ မှ တာဝန်ရှိသူ တစ်ဦးက ဆိုသည်။
ထိုသို့ လှူဒါန်းရာတွင် တာချီလိတ်မြို့ ပြည်သူ့နတ်နန်း(ပင်မ)ဗိမာန်တော်ကြီးထိန်းသိမ်းရေးကော်မတီမှ ဦးတင်လှိုင်(အဆွေတော်)၊ ဦးဇော်မြင့် နှင့် ဦးအောင်ဖြိုးရှိန် တို့မှ ပေးအပ်လှူဒါန်းရာ တာချီလိတ်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းဝင်းနှင့်အဖွဲ့မှ ရေဘေးသင့်ပြည်သူများ ကိုယ်စား လက်ခံရယူခဲ့ကြသည်။