သြဂုတ်လ(၄)ရက်နေ့က တာချီလိတ်ခရိုင်၊ ကျိုင်းလပ်မြို့ရှိ ကျေးရွာများတွင် ရေကြီးရေလျှံမှုကြောင့် နေအိမ်များရေနှင့်အတူ မျောပါသွားခြင်း၊ နေအိမ်များသို့ သစ်လုံး၊ သစ်တုံးများကြောင့် ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့သည့်အပြင် လမ်းတံတားများ ပျက်စီးခဲ့ရပြီး တပ်မတော် နှင့် ဒေသအုပ်ချုပ်ရေးဆိုင်ရာ ခရိုင်/မြို့နယ် အဆင့်ရှိ တာဝန်ရှိသူများ၊ ကြက်ခြေနီ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ လူမှုရေးအသင်းအဖွဲ့များနှင့် နိုင်ငံရေးပါတီများအပြင် ဒေသခံများဖြင့် စုပေါင်းကာ ကူညီဆောင်ရွက်ခဲ့ရကြောင်း သိရပြီး၊ ဆက်လက်၍လည်း ကူညီထောက်ပံ့မှုများ လိုအပ်နေလျက်ရှိကြောင်း သိရပြီး ယခု ဖော်ပြပါ ပုံများသည် ကျိုင်းလပ်မြို့အတွင်းရှိ ကျေးရွာများ၌ ရေကြီးရေလျှံမှုကြောင့် အိုးအိမ်၊လမ်းတံတားများ ပျက်စီးနေမှုပုံများပဲဖြစ်ပါသည်။
ဓါတ်ပုံ။ ။ ဇောင်းညီ