တာချီလိတ်မြို့သူ၊ မြို့သားများမှ ရေဘေးသင့်ပြည်သူများအတွက် စုပေါင်းလှူဒါန်းထားသောစားစရာများ၊ ထောက်ပံ့ပစ္စည်းများကို သြဂုတ်လ(၄)ရက်နေ့က ဆိုးရွားစွာ ရေကြီးရေလျှံမှု ဖြစ်ပေါ်ခဲ့ရသည့် တာချီလိတ်ခရိုင်၊ ကျိုင်းလပ်မြို့ရှိ ကျေးရွာများသို့ သွားရောက်ပြီး ဒေသအုပ်ချုပ်ရေးဆိုင်ရာ စစ်ဘက်မှ အကြီးအကဲများ နှင့် အရာရှိ စစ်သည်များ၊ တာချီလိတ်ခရိုင်/မြို့နယ် စီမံခန့်ခွဲမှုကော်မတီ ဥက္ကဌတို့ နှင့် ရဲတပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီ/မီးသတ်တပ်ဖွဲ့ဝင်များ၊ လူမှုရေးအသင်းအဖွဲ့များ၊ နိုင်ငံရေးပါတီများ စသည်တို့မှ သြဂုတ်လ(၅)ရက်နေ့က ရေဘေးသင့်ပြည်သူများထံ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
ဓါတ်ပုံ။ ။ ဇောင်းညီ