တာချီလိတ်ခရိုင် ကျိုင်းလပ်ရှိ ကျေးရွာများအတွင်း ပြန်လည် ထူထောင်ရေးအတွက် အကူအညီ များစွာလိုအပ်နေ

တာချီလိတ်ခရိုင် ကျိုင်းလပ်ရှိ ကျေးရွာများအတွင်း ပြန်လည် ထူထောင်ရေးအတွက် အကူအညီ များစွာလိုအပ်နေ
သြဂုတ် 9, 2015
By Tachileik News Agency
ရှမ်းပြည်နယ် အရှေ့ပိုင်းဒေသ တာချီလိတ်ခရိုင်၊ တာချီလိတ်မြို့နယ်၊ ကျိုင်းလပ်မြို့ရှိ ကျေးရွာများတွင် သြဂုတ်လ(၄)ရက်နေ့က မိုးသည်းထန်စွာ ရွာသွန်းပြီးနောက် နေအိမ်များ ရေနှင့်အတူ မျောပါသွားခြင်း၊ နစ်မြုပ်သွားခြင်းနှင့် ယိုင်သွားခြင်း စသည့် ဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့ရာနေရာများသို့ သက်ဆိုင်ရာ တပ်နယ်မှ အကြီးအကဲများနှင့် အရာရှိ စစ်သည်များ၊ တာချီလိတ်ခရိုင်/မြို့နယ်စီမံခန့်ခွဲမှုကော်မတီ ဥက္ကဌတို့ နှင့် တာဝန်ရှိ ဌာနဆိုင်ရာများ၊ နိုင်ငံရေးပါတီများ၊ ကြက်ခြေနီ/မီးသတ်တပ်ဖွဲ့ဝင်များ၊ လူမှုရေးအသင်းအဖွဲ့များ နှင့် ဒေသခံပြည်သူများမှ သွားရောက်ကာ ထောက်ပံ့လှူဒါန်းမှုများနှင့် ပြန်လည်ထူထောင်ရေး ကိစ္စရပ်များကို ၀ိုင်းဝန်းဆောင်ရွက်နေလျက်ရှိသော်လည်း ကျိုင်းလပ်အတွင်းရှိ ရေဘေးသင့်ပြည်သူများ အတွက် ပြန်လည်ထူထောင်ရေးကိစ္စနှင့် ပတ်သက်၍ အကူအညီများစွာ လိုအပ်နေလျက်ရှိကြောင်း သိရသည်။
ယခုဖော်ပြပါ ပုံများသည် သြဂုတ်လ(၉)ရက်နေ့ မြင်ကွင်းများပဲ ဖြစ်ပါသည်။
ဓါတ်ပုံ။  ။ Kyawko Ko Kyaw ၊ Khit Kabar 
 #TachileikNewsAgency#TachileikOnlineNewswww.tachileik.net