ရှမ်းပြည်နယ်၊ မြောက်ပိုင်းဒေသ ကွတ်ခိုင်မြို့တွင် ငွေကျပ် (၁၁၄)သိန်းတန်ဖိုးရှိ ဆေးကြွဆေးပြားများကို သယ်ဆောင်လာသူနှင့် အတူ သြဂုတ်လ(၁၄)ရက်နေ့က ဖမ်းဆီးရမိကြောင်း မူးယစ်တပ်ဖွဲ့စု(၂၂)မူဆယ်၊ ကွတ်ခိုင်လှုပ်ရှားအဖွဲ့မှ သိရသည်။
မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး၊ ရွှေလီစစ်ဆင်ရေး(၂)စီမံချက်အရ မူးယစ်တပ်ဖွဲ့စု (၂၂)မူဆယ်၊ ကွတ်ခိုင်လှုပ်ရှားအဖွဲ့မှ တပ်ဖွဲ့ဝင်များသည် မူးယစ်တပ်ဖွဲ့စု(၁၀၂)နေပြည်တော် နှင့် သက်ဆိုင်ရာ ပူးပေါင်းအဖွဲ့တို့ဖြင့် ကွတ်ခိုင် - ကောင်းခါးမြို့သစ်သွား လမ်းခွဲအနီး လမ်းမပေါ်တွင် မူးယစ်ဆေးဝါး သတင်း အရ စောင့်ဆိုင်းနေစဉ် ကောင်းခါးမြို့သစ်ဘက်မှ ကွတ်ခိုင်မြို့ဘက်သို့ ဂမ်မော်(ကျား)မောင်းနင်လာသော မော်တော်ဆိုင်ကယ်အား ရပ်တန့်စစ်ဆေးရှာဖွေရာမှ စိတ်ကြွဆေးပြားများကို ရှာဖွေရရှိတာဖြစ်ကြောင်း သိရသည်။
စစ်ဆေးရှာဖွေတွေ့ရှိရသည့် မူးယစ်ဆေးဝါးများတွင် 88 နှင့် 1 စာတန်းတစ်ဖက်စီပါ ပန်းရောင် စိတ်ကြွဆေးပြား (၁၉၀)ပြားစီပါသည့် အထုပ်(၃၀)ထုပ်၊ စုစုပေါင်းမှာ စိတ်ကြွဆေးပြား (၅၇၀၀)ပြားရှိရာ ကာလတန်ဖိုးငွေမှာ ကျပ်(၁၁၄)သိန်းဝန်းကျင်ရှိကြောင်းနှင့် စိတ်ကြွဆေးပြားများအား သယ်ဆောင်လာသူအား ကွတ်ခိုင်မြို့မရဲစခန်းတွင် မူးယစ်(ပ)၆၄/၂၀၁၅။ မူး/စိတ်ပုဒ်မ ၁၅/၁၉(က)အရ အမှုဖွင့်အရေးယူထားရှိကြောင်း သိရသည်။