ရဲနှင် ပြည်သူ လက်တွဲကူ ''့ 

ရဲနှင် ပြည်သူ လက်တွဲကူ ''့ 
သြဂုတ် 29, 2015
By Tachileik News Agency

''မကောင်းမှု့ဟူသည် ဆိတ်ကွယ် ရာမရှိ'။ ''ရဲနှင့်ပြည်သူ လက်တွဲကူ ပြည်သူပါမှ အောင် ပွဲရ''...စတဲ့
ဆောင်ပုဒ်လေးတွေဟာ အင်မတန်မှ နားထောင်ကောင်းသလို၊ လိုက်နာကျင့်ဆောင်အပ်တဲ့ အရာတွေ
ဆိုတာ ဘယ်သူမှ ငြင်းနိုင်မယ်မထင်ပါဘူး။

ပြစ်မှုဖြစ်စဉ်တစ်ခု ပေါ်ပေါက်ပြီဆိုတာနဲ့ မျက်မြင် သက်သေဟာ မှုခင်း စုံစမ်းစစ်ဆေးသူ ရဲတပ်ဖွဲ့ဝင် တွေအတွက်မရှိမဖြစ်တဲ့ အရေးကြီးပုဂ္ဂိုလ်တွေပါ။ မျက်မြင်သက်သေဆိုတာ မှုခင်းမဖြစ်မိ အချိန်နဲ့ဖြစ်ပြီး အချိန်ထိအခင်းဖြစ်ရာ နေရာတွင် ကိုယ်တိုင် မြင်တွေ့ကြားသိသူကို ခေါ်တာပါ။

မျက်မြင် သက်သေ မရှိတဲ့ မှုခင်းဖြစ်စဉ်တွေလည်း အများကြီးရှိပါတယ်။ ဒီလိုအချိန်တွေမှာ မျက်မြင် မဟုတ်တဲ့ သာမန်ပြည်သူတွေရဲ့ ထင်ကြေးဟာ မှုခင်းစုံစမ်းသူ အတွက် မှုခင်းဖော်ထုတ်ရာမှာ အလွန်အရေးပါတဲ့ အချက်အလက်တွေဆိုရင်မမှားပါဘူး။ မျက်မြင် သက်သေရှိတဲ့ အမှုဖြစ်စေ၊ မရှိတဲ့
အမှု့ဖြစ်စေ၊ တရားခံအမြန်ဆုံး ဖမ်ဆီးရမိရေးဟာ ရဲတပ်ဖွဲ့ဝင်တွေရဲ့ ပန်းတိုင် တစ်ခုပါ။

ဒီလိုဖမ်းမိဖို့ရာ သာမန်ပြည်သူတွေရဲ့ အခန်းကဏ္ဍဟာ အရေးအကြီးလှပါတယ်။ သတင်းပေး ပြည်သူတွေမရှိဘဲ မှုခင်းပေါ်ပေါက်ဖို့်ဆိုတာ မဖြစ်နိုင်သလို ရဲတပ်ဖွဲ့ဝင်တွေရဲ့ ကြိုးစားအားထုတ်မှု နည်းပါးခဲ့ပါကလည်း တရားခံဖမ်းဆီးရမိဖို့ရာ လွယ်မယ်မထင်ပါဘူး။

မည်သို့ပင် ရှိစေကာမူ တရားခံ ဖမ်းဆီးရမိရေး အတွက်မျက်မြင် သက်သေ၊ သတင်းပေး ပြည်သူ တွေဟာ
ရဲတပ်ဖွဲ့ အတွက် အလေးထား၊ အားကိုးရာ နိုင်ငံသားကောင်းတွေ ဖြစ်ကြပါတယ်။ ရဲနှင့်ပြည်သူ
ပူးပေါင်းဆောင်ရွက်ပါမှ ဒုစရိုက်မှုတွေ နည်းပါးလာနိုင်မှာပါ။ ပြည်သူတွေ ပူးပေါင်းဆောင်ရွက်မှုမရှိရင် ဒုစရိုက်မှုကျူးလွန်သူတွေ များပြားလာမယ်ဆိုတာ ပြောစရာလိုမယ် မထင်ပါဘူး။

မြန်မာပြည်သားတွေဟာ တရားရုံး၊ ရဲစခန်း ဆိုရင် အမှုဖြစ်ဖို့မပြောနဲ့ သက်သေလိုက်ဖို့တောင်
အတော်ကြောက်ကြပါတယ်။ ကြောက်တာလည်း အပြစ်မဆိုသာပါဘူး၊ တချိန်တခါက သူတိုရဲ့ ပြည်သူအပေါ်အာဏာရှင် ဆန်ဆန် ဆက်ဆံမှုတွေကြောင့် ပြည်သူတွေဟာ 'ရဲ' မြင်ရင် ကြောက်တတ်တဲ့ ရောဂါ စွဲကပ်ခဲ့ရတာပါ။

တခါများဆို သတင်းယူဖို့ ရဲစခန်းသွားတာ အပေါက်ဝရောက်မှ ဖုန်းလာလို့ မဝင်သေးဘဲ ရပ်စကားပြေားရင်းထုံးသုတ်ထားတဲ့ ညောင် ပင် အုတ်ခုံပေါ် ထိုင်လိုက်မိလို့ အထဲက ဒုရဲအုပ်တစ်ယောက် လှမ်းဟောက်တာ ခံလိုက် ရ သေးတယ်။

ဒီလို အပြော၊ အဆို၊ မျက်နှာပေးမျိုး နဲ့ ပြည်သူကို အဆင့်အတန်း မတူသလို ခွဲခြားဆက်ဆံနေသရွေ့တော့ ပြည်သူတွေဟာ 'ရဲ' မြင် ရင်ကြောက်နေအုံးမှာပါ
ရဲတပ်ဖွဲ့ဝင်တွေဟာ
ရဲကျင့်ဝတ် နှင့်အညီ ပြည်သူကို သွေးရင်းသားရင်း
သဖွယ်အစဉ်ဆက်ဆံနေမယ်ဆို ရင် မ ဝေးတော့တဲ့
အချိန်အနည်းအတွင်း ပြည်သူတွေဟာ'ရဲ'မြင်ရင် မီမီတို့
အကျိုးစီးပွားကို ကာကွယ်စောင့်ရှောက်သူတွေပါလား
ဆိုတဲ့ အမြင် မှန် ရရှိလာပြီုး
ချစ်ခင် ကူညီလာမှာ မြေကြီးလက်ခပ် မလွဲလောက်ပါဘူး။

အခုဆိုရင် ရဲတပ်ဖွဲ့ဝင်တွေဟာ သတင်းပေး
ပြည်သူတွေရဲ့
အကူအညီကို အရယူပြီး စွမ်းစွမ်းတမံ
ကြိုးစားခဲ့တဲ့အတွက်ဝှေလေလန် လူသတ်မှု့၊
မိုင်းကိုး လူသတ်မှု့စတာ တွေဟာ
အချိန်တိုတိုအတွင်း ဖမ်းဆီးမိခဲ့ရတာဖြစ်ပါတယ်။

တရားဥပဒေစိုးမိုးရေး၊ ရပ် ရွာအေးချမ်းသာယာရေး
အတွက် ရဲတပ်ဖွဲ့ဝင်တွေမှာ တာဝန် ရှိသလို၊ပြည်သူတွေ
မှာလဲ တာဝန် ရှိပါတယ်။မီမီရှေ့ မှု့ခင်းဖြစ်ပွားပါက
နီးစပ် ရာ ရဲစခန်းကို အကြောင်းကြား သတင်းပေးပို့ဖို့ရာ
ပြည်သူတိုင်းမှာ တာဝန် ရှိပါတယ်။ဒါမှသာ ဒုစရိုက်မှု့
ကျုးလွန်သူတွေ တဖြည်းဖြည်းနည်းပါလာပြီး။''ရဲ နှင့်
ပြည်သူ လက်တွဲကူ၊ ပြည်သူပါမှ အောင် ပွဲရ''ဆိုတဲ့
ဆောင် ပုဒ်အတိုင်း မှု့ခင်းဖြစ်ပွားတိုင်း အချိန်တိုတို
အတွင်း ဖမ်းဆီးနိုင် မည်ဖြစ်ပါကြောင်း အကြံပြုရေး
သားလိုက်ပါတယ်။

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net