ကျိုင်းလပ်ရေဘေးသင့်ပြည်သူများ အတွက် ရန်ပုံငွေ ဖျော်ဖြေပွဲ တစ်ရက်ထပ်တိုးကာ ကျင်းပမည်

ကျိုင်းလပ်ရေဘေးသင့်ပြည်သူများ အတွက် ရန်ပုံငွေ ဖျော်ဖြေပွဲ တစ်ရက်ထပ်တိုးကာ ကျင်းပမည်
စက်တင်ဘာ 2, 2015
By Tachileik News Agency

တာချီလိတ်ခရိုင် ကျိုင်းလပ်ရေဘေးသင့်ပြည်သူများအတွက် ပြန်လည်ထူထောင်ရေး လုပ်ငန်းများ ဆောင်ရွက်ရန်နှင့် ထောက်ပံ့ရန်အတွက် တာချီလိတ်မြို့ ရှမ်းရိုးမကွင်း၌ ၁.၉.၂၀၁၅ ရက် နှင့် ၂.၉.၂၀၁၅ ရက် (၂)ရက်တိုင်တိုင် ရန်ပုံငွေရှာဖွေရေးအဖြစ် ဖျော်ဖြေရေးပွဲတော်ကို ကျင်းပနေလျက်ရှိရာ ယနေ့ သြဂုတ်လ(၂)ရက်နေ့ ညပိုင်းတွင် မိုးသည်းထန်စွာ ရွာသွန်းသည့်အတွက် အဆိုပါ ရန်ပုံငွေပွဲအား သြဂုတ်လ(၃)ရက်နေ့အထိ တစ်ရက်ထပ်တိုးကာ ကျင်းပသွားမှာဖြစ်ကြောင်း သိရသည်။

အဆိုပါ ပွဲတော်တွင် သရုပ်ဆောင် ကျော်ဇောဟိန်း၊ စည်သူပလပ်ကျွတ်၊ ခရစ္စတီးနား၊ နဒီဝင့်နိုင်၊ ဆုယဉ်ထွန်း၊ ဖူးပွင့်အောင် နှင့် လူရွှင်တော် မြန်မာပြည်စတားအဖွဲ့တို့မှ ဖျော်ဖြေမှာဖြစ်ရာ ပွဲကြည့်သူများ အတွက် ထိုင်ခုံ(၁)လုံးလျှင် အလှူငွေထိုင်းဘတ်ငွေ (၃၀၀)၊ (၂၀၀)ဘတ်၊ (၁၀၀)ဘတ် စသည်ဖြင့် သတ်မှတ်ထားရှိပြီး လက်မှတ်များကို ရှမ်းရိုးမကွင်းတွင် ၀ယ်ယူနိုင်မှာ ဖြစ်ကြောင်း သိရသည်။

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~