ဒီနေ့ ၂၀၁၅ခုနှစ် သြဂုတ်လ(၃)ရက်နေ့မှာ တာချီလိတ်က အမျိုးသမီးတစ်ဦး ဥာဏ်ဦးသွားလို့ ကံကောင်းသွားတယ်။
စကားလုံးက အဆန်းကြီးပါလား၊ ဘယ်လို ဥာဏ်ဦးသွားလို့ ကံကောင်းသွားတာလဲ၊ အရင်းအရှိ အဖျားမရှိ၊ လင်းပါဦး မောင်ရဲ့။
သြော်.. ဒီလိုပါ
မြန်မာနိုင်ငံအစိုးရရဲ့ မေတ္တာဓါတ်တော်နဲ့ နှစ်အလိုက် ဘဏ္ဍာငွေတွေပိုလို့၊ အခု ၂၀၁၃ - ၂၀၁၄ ဘဏ္ဍာနှစ်မှာလည်း ငွေတွေပိုလို့ နိုင်ငံတော်သမ္မတကြီးက မေတ္တာထားတဲ့အနေနဲ့ လျှိုဝှက်နည်းသုံးပြီး CDMA ကိုင်ဆောင်သူတွေကို မဲဖောက်ပေးပြီး၊ မဲပေါက်တဲ့အခါ ဆုတော်ငွေ လာဘ်တော်ငွေ အသပြာ သိန်းပေါင်း ( ၂၈၅ )သိန်း ရရှိမှာဖြစ်လို့ ကနဦး အခွန်တော်ငွေ ကျပ်ဆယ့်သုံးသိန်းကိုးသောင်းကျပ်ကို ဘဏ်ကနေ အရင်လွှဲပေးရမယ်ဆိုပြီး ဖုန်းဆက်လိမ်တဲ့ ကိစ္စပါ။
စိတ်ဝင်စားစရာပါလား၊ ဒီလိုကိစ္စက အရင်ကလည်း ခဏခဏ ကြားဖူးတယ်၊ အခုလို ခေတ်မီတဲ့ ကာလမှာရော လိမ်ခံနေရတာပဲလား။