ပြည်သူများ ငွေလိမ်မခံရရန်အတွက် KBZ Bankတွင် အသိပေးစာရွက်ကပ်ထား

ပြည်သူများ ငွေလိမ်မခံရရန်အတွက် KBZ Bankတွင် အသိပေးစာရွက်ကပ်ထား
စက်တင်ဘာ 4, 2015
By Tachileik News Agency

နယ်စပ်ဒေသဖြစ်သည့် တာချီလိတ်ရှိ CDMA 450 အမျိုးအစား ကိုင်ဆောင်သူများအပေါ် ဖုန်းမဲပေါက်သည်ဟု လိမ်လည်ကာ ငွေလွှဲခိုင်းသည့် ဖြစ်စဉ်များသည် တာချီလိတ်၌ ၂၀၁၅ခုနှစ် သြဂုတ်လ၏ စတုတ္ထအပတ်အတွင်းက နှစ်ကြိမ်၊ ယခု စက်တင်ဘာလ(၃)ရက်နေ့က တစ်ရက်တည်း နှစ်ကြိမ် ဖြစ်ပွားခဲ့သည့်အတွက် KBZ Bank တာချီလိတ်ဘဏ်ခွဲတွင် ငွေလွှဲမည့်သူများအား အလိမ်မခံရစေရန်အတွက် ယခုလို အသိပေးစာရွက်များ ကပ်ထားသည်ကို တွေ့ရှိရသည်။

အများပြည်သူများ အလိမ်မခံရနိုင်ရန်အတွက် ယခုလို ဘဏ်တိုင်းတွင် အသိပေးစာရွက်များ ကပ်ထားမည်ဆိုပါက သင့်တော်ကြောင်း အကြံပြုအပ်ပါသည်။

 #TachileikNewsAgency#TachileikOnlineNewswww.tachileik.net  

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~