တာချီလိတ်ခရိုင်၊ တာချီလိတ်မြို့နယ်တွင် တစ်နေရာတည်း၌ ပြည်သူဗဟိုပြု ၀န်ဆောင်မှုများ ဆောင်ရွက်ပေးနိုင်ရန် ဌာနပေါင်းစုံ စုပေါင်းကာ ပြည်သူ့ဝန်ဆောင်မှု - One Stop Shops( OSS )ရုံးအား တာချီလိတ်မြို့နယ်ရှိ မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံးဝန်း ဖွင့်လှစ်ထားရှိပြီး လတ်တလောတွင် ဌာနဆိုင်ရာ (၁၀)ခုဖြင့် သက်ဆိုင်ရာ ဌာနအလိုက် ဆောင်ရွက်ပေးနိုင်မှုများကို အများပြည်သူများ သိရှိနိုင်ရန်အတွက် လက်ကမ်းစာရွက်များဖြင့် တာချီလိတ်မြို့ပေါ်ရပ်ကွက်များတွင် အရှိန်အဟုန်တိုးမြှင့်၍ ဖြန့်ဝေကာ အသိပေးနေလျက်ရှိကြောင်း သိရသည်။
အဆိုပါ OSS ရုံးတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မြို့နယ်မီးသတ်ဦးစီးဌာန၊ မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ဦးစီးဌာန၊ မြို့နယ်လယ်ယာမြေ စီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာန၊ မြို့နယ်ပြည်တွင်းအခွန်များဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးဌာန၊ မြို့နယ်ကျန်းမာရေး ဦးစီးဌာန၊ မြို့နယ်လျှပ်စစ်ဓါတ်အား ဖြန့်ဖြူးရေးလုပ်ငန်း နှင့် မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာန စသည့် ဌာန(၁၀)ခုဖြင့် အများပြည်သူများအား တစ်နေရာတည်းတွင် လုပ်ငန်းကိစ္စများကို ဆောင်ရွက်ပေးနေလျက်ရှိကြောင်း သိရသည်။
ယခုလို OSS ရုံး ဖွင့်လှစ်ထားရှိမှုသည် ခရိုင်ရုံးတည်စိုက်ရာ ခရိုင်အသီးသီးရှိ မြို့များတွင် ဖွင့်လှစ်ထားရှိပြီး မြန်မာနိုင်ငံတ၀ှမ်း အရှိန်အဟုန်တိုးမြင့်ကာ ဆောင်ရွက်နေလျက်ရှိကြောင်းနှင့် OSS ရုံးများ၏ အားနည်းချက်၊ အားသာချက်များကိုလည်း အကြံပြုတင်ပြနိုင်မှာဖြစ်ကြောင်း သိရှိရသည်။