တာချီလိတ်မြို့နှင့် နီးစပ်သည့် ထိုင်းနိုင်ငံ မယ်ဆိုင်မြို့ရှိ ဆေးရုံတွင် ပြင်ပလူနာများကို တစ်ရက်လျှင် လူနာဦးရေ (၃၅၀)သာ လက်ခံကာ ကုသပေးသွားမှာဖြစ်ပြီး အရေးပေါ်လူနာများကို ဦးစားပေးသွားမှာဖြစ်ကြောင်း မယ်ဆိုင်ပြည်သူ့ဆေးရုံမှ သိရသည်။
"မယ်ဆိုင်ဆေးရုံရဲ့ ပြင်ပလူနာဆောင်မှာ တစ်ရက်ကို လူနာ ဦးရေ (၃၅၀)ပဲ လက်ခံပေးပြီး ကုသပေးသွားမှာပါ၊ ပုံမှန်အားဖြင့်က တစ်ရက်ကို ပြင်ပလူနာ (၄၀၀)ကနေ (၅၀၀)ထိ လာရောက်ကြတော့ တစ်ရက်တစ်ရက်ကို လူနာအရမ်းများပါတယ်၊ တစ်ခါတစ်လေ လူနာအရမ်းများတဲ့ အချိန်မျိုးဆိုရင် တာဝန်ကျ ဆရာဝန်တွေ မလောက်ငှတာကြောင့် နေ့လည်က လူတဲ့ လူနာတွေကို ည(၇)နာရီမှ ကုပေးရတာလည်းရှိပါတယ်.."ဟု မယ်ဆိုင်ဆေးရုံရှိ တာဝန်ရှိသူမှ ပြောပြသည်။
"တစ်ရက်ကို ပြင်ပ လူနာဦးရေ (၃၅၀)ကျော်သွားရင်တော့ လက်မခံတော့ပါဘူး၊ တကယ်လို့ လူနာအယောက် (၃၅၀)ကျော်သွားပြီးမှ အဲ့ဒီလူနာတွေထဲက ဆရာဝန်ချိန်းတဲ့ ရက်မှန်တဲ့ လူနာနဲ့ အရေးပေါ်လူနာမျိုးတွေဆိုရင်တော့ ဦးစားပေးကုသပေးသွားမှာဖြစ်ပြီး အရေးပေါ်မဟုတ်တဲ့ လူနာတွေကိုတော့ နောက်တစ်ရက် ပြန်ချိန်းမှာဖြစ်ပါတယ်.."ဟု ၎င်းမှ ဆက်လက်ရှင်းပြသည်။
အချို့ရက်များတွင် နေ့လည်(၁)နာရီကျော်
တခ်ျု့ရက်တွေဆို နေ့လည်၁နာရီကျော်တာနဲ့ လူနာ၃၅၀ကျော်နေတတ်ပါတယ် ဒါကြောင့်ဆေးရုံကိုနေ့လည် ၂-၃နာရီလာရင် အဆင်မပြေတော့ပါဘူး အိမ်ပြန်ရဖို့များပါတယ် အရေးပေါ်လူနာတော့ ၂၄နာရီပြလို့ရပါတယ် အရေးပေါ်ခန်းမှာ ဆရာဝန်အမြဲတမ်းရှိပါတယ် (ချွတ်ယွင်းချက်အနေနဲ့ ညနေ၄ နာရီမှ ၈နာရီထိ အရေးပေါ်ခန်းထဲမှာဆရာဝန်၂ယောက်ရှိတယ် ညနေ၃နာရဌကျော်မှရောက်လာတဲ့အရေးမကြီးတဲ့လူနာတွေစောင့်နိုင်ရင် ၄နာရီမှာ အရေးပေါ်ခန်းမှာပြလို့ရတယ် ဒါပေမဲ့ သူနာပြုက အခြေခံစစ်ပြီး အရေးမကြီးရင် သူနာပြုပဲ စစ်ဆေးကုသပေးတယ် စာသားလှအောင် ပြန်ပြင်ပေးပါ) ပြီး သားကြောဖြတ်တာကို သောကြာနေ့မနက်ပိုင်းပဲလုပ်ပေးတော့တယ် အရင်ကတော့ အဂါင်္ ကြာသပတေး သောကြာနေ့၃ရက်လုပ်ပေးပါတယ် ခွဲစိတ်ဆရာဝန်နဲ့ သမားတော်က အဂါင်္ နဲ့ကြာသပတေး နေ့လည်ပိုင်းပဲ ရှိတယ် အရိုးအထူးကုက တနလာင်္ ဗုဒ္ဓဟူး သောကြာနေ့လည်ပိုင်းပဲရှိပါတယ် အထွေထွေကုဆရာဝန်တွေကတော့ နေ့တိုင်းရှိပါတယ် ကျေးဇူးတင်ပါတယ်
ဟုတ် ကောင်းအောင်ပြင်ရေးပါ မြန်မာဘက်ကလူနာတွေ နေ့လညိပိုင်း၂-၃နာရီမှာရောက်လာပြီ ဆေးရုံရောက်လာပြီ ပြန်ရလို့ တချို့ဆို ဆိုင်ကယ်ခ တံတားခ ကားခ တွေကုန်ပြီး နောက်တနေ့လာနေရလို့ပါ